စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ်(အမျိုးသမီး) ဗိုလ်လောင်းဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲစစ်ဆေးခြင်း
၁။ စစ်တက္ကသိုလ်ဗိုလ်လောင်း၊ တပ်မတော်နည်းပညာတက္ကသိုလ်ဗိုလ်လောင်း၊ တပ်မတော် ဆေးတက္ကသိုလ်ဗိုလ်လောင်းနှင့် တပ်မတော်ဆေးတက္ကသိုလ် (အမျိုးသမီး)ဗိုလ်လောင်း လျှောက်လွှာ တင်သွင်းသူများသည် ဝင်ခွင့်အရည်အချင်းစစ ်စာမေးပွဲကို အောက်ပါအတိုင်းဖြေဆိုကြရမည်-
(က)တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းနှင့် တပ်မတော်ဆေးတက္ကသိုလ် (အမျိုးသမီး) ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် အောက်ပါအတိုင်း ဖြေဆိုရမည်-
( ၁ ) အင်္ဂလိပ်စာ ၀၉၀၀ နာရီမှ ၁၁၀၀ နာရီအထိ။
( ၂ ) ဇီဝဗေဒ ၁၃၀၀ နာရီမှ ၁၅၀၀ နာရီအထိ။
(ခ) တပ်မတော်နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် အောက်ပါအတိုင်း ဖြေဆိုရမည်-
( ၁ ) အင်္ဂလိပ်စာ ၀၉၀၀ နာရီမှ ၁၁၀၀ နာရီအထိ။
( ၂ ) သင်္ချာ ၁၃၀၀ နာရီမှ ၁၅၀၀ နာရီအထိ။
(ဂ) စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် အောက်ပါအတိုင်း ဖြေဆိုရမည်-
( ၁ ) အင်္ဂလိပ်စာ ၀၉၀၀ နာရီမှ ၁၁၀၀ နာရီအထိ။
( ၂ ) သင်္ချာ ၁၃၀၀ နာရီမှ ၁၅၀၀ နာရီအထိ။
၂။ စာမေးပွဲများကို မိမိတို့လျှောက်လွှာတင်သွင်းရာ တိုင်းစစ်ဌာနချုပ်အလိုက် အောက်ဖော်ပြပါနေရာများတွင် ဖြေဆိုကြရမည်-
( က ) နေပြည်တော် အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ ဆင်ဖြူရှင်ခန်းမ။
( ခ ) မြစ်ကြီးနားမြို့ တိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ။
( ဂ ) လားရှိုးမြို့ တိုင်းစစ်ဌာနချုပ်ခန်းမ။
( ဃ ) တောင်ကြီးမြို့ တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ။
( င ) ခိုလမ်မြို့ တိုင်းစစ်ဌာနချုပ်၊ အောင်ဇေယျခန်းမ။
( စ ) ကျိုင်းတုံမြို့ တိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမ။
( ဆ ) မော်လမြိုင်မြို့ တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ။
( ဇ ) မြိတ်မြို့ တိုင်းစစ်ဌာနချုပ်၊ တိုင်းရန်အောင်ခန်းမ။
( ဈ ) ရန်ကုန်မြို့ တပ်မတော်ဆေးတက္ကသိုလ်(ပင်မစာသင်ဆောင်)။
( ည ) ပုသိမ်မြို့ တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ။
( ဋ ) အမ်းမြို့ တိုင်းစစ်ဌာနချုပ်၊ အမ်းတောင်ခန်းမ။
( ဌ ) မုံရွာမြို့ အထက(၂)၊ အလုံတပ်မြို့။
( ဍ ) မန္တလေးမြို့ တိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ။
( ဎ ) တောင်ငူမြို့ တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ။
၃။ ဗိုလ်လောင်းသင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲဖြေဆိုရန် အတွက် သတ်မှတ်ချက်နှင့်ပြည့်စုံပြီး ဖြေဆိုခွင့်ရသူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တစ်ဆင့် အကြောင်းကြားပေးမည်။ ဖြေဆိုရမည့် ခုံအမှတ်မှာ လျှောက်လွှာတွင် ဖော်ပြထားသည့် ခုံအမှတ်ဖြစ်သည်။ မိမိတို့လျှောက်လွှာ ထုတ်ယူရာ တိုင်းစစ်ဌာနချုပ်များတွင် ဖြေဆိုရမည့်ခုံအမှတ်နှင့် ဖြေဆိုရမည့် နေရာများကို သွားရောက်ကြည့်ရှုနိုင်သည်။
၄။ စာမေးပွဲဖြေဆိုရန် လာရောက်သည့်အခါ နိုင်ငံသား စိစစ်ရေးကတ်ကို တစ်ပါတည်း ယူဆောင်လာရမည်။ နိုင်ငံသားစိစစ်ရေးကတ် တင်ပြနိုင်ခြင်း မရှိသူများအား ဖြေဆိုခွင့်မပြုပါ။
၅။ အသေးစိတ် သိရှိလိုပါက သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၊ စာစစ်ဌာနများတွင် စုံစမ်းမေးမြန်းနိုင်သည်။
စစ်ရာထူးခန့်ချုပ်ရုံး
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)