မော်လမြိုင် ပညာရေးဒီဂရီကောလိပ်၊ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲဖွင့်ပွဲ ပြုလုပ်
နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၁၅
မော်လမြိုင် ပညာရေးဒီဂရီကောလိပ်၊ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲဖွင့်ပွဲကို ဩဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် အဆိုပါကောလိပ်ရှိ ပညာညီလာခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မော်လမြိုင်ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်း သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျောင်းအုပ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက “ကြိုနေမယ်လေ မွန်တို့မြေ” သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
အဆိုပါ ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေး ပွဲကို ဩဂုတ် ၁၄ ရက်မှ ဩဂုတ် ၂၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက် ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။