၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း၊ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ ၂၀၂၃ သြဂုတ် - ၁၅
၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း၊(အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် အားကစားရုံ၌ ပြုလုပ်ရာ လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးနှင့် မိတ္ထီလာ တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ လေတပ်စခန်း ဌာနချုပ်မှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင် အသင်းများ၏ ဗိုလ်လုပွဲပွဲစဉ်ယှဉ်ပြိုင်နေမူကို ကြည့်ရူ့အားပေးကြသည်။
ထို့နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိသူများ အသင်း လိုက်ဆုများနှင့် ဒိုင်းဆုရရှိသော(အမျိုးသား/အမျိုးသမီး) ဘော်လီဘော အသင်းတို့အား ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများကတံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း(အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို လေတပ်စခန်းဌာနချုပ် အသီးသီးမှ အမျိုးသားအသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်းဖြင့် သြဂုတ် ၂ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။