အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၁၅
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင် များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ သိုင်းသရုပ်ပြ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၃ သင်း၊ ပြိုင်ပွဲဝင်အားကစားသမား ၁၀၁ ဦးတို့ ဖြင့် ဩဂုတ် ၁၈ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။