ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်အတွင်းရှိ  အခြေခံပညာ ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊၂၀၂၃ ဩဂုတ် - ၁၅

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ ညနေပိုင်းတွင် နမ့်စန်မြို့နယ်၊ မြို့နယ်အားကစားကွင်း၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင် ဒေသခံ တိုင်းရင်းသားများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်ဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း (ခိုလမ်)(အမျိုးသား) အသင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)(က) (အမျိုးသား) အသင်း တို့၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

    အဆိုပါနမ့်စန်ခရိုင် အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်းစုံ  အသက်(၁၈)နှစ်အောက်  (အမျိုးသား/အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင် အမျိုသားအသင်း   ၁၃ သင်းနှင့် အမျိုးသမီးအသင်း ၉ သင်း တို့ဖြင့် ဩဂုတ် ၂၈ ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။