ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ နှင့် မိသားစုဝင်များအားတွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ နှင့် မိသားစုဝင်များအားတွေ့ဆုံ

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၁၇

          ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ် ဧရာဝတီ ခန်းမ၌ တွေ့ဆုံသည်။        

          ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်း အဖွဲ့၀င်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ၊ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်သည်။ ယင်းနောက် နယ်မြေခံဆေးကုသရေး အဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့၀င် များနှင့် မိသားစုဝင်များအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးနေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။