အာဆင်နယ်အသင်း ခံစစ်ကစားသမား တင်ဘား ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်ပြီး ယခုဘောလုံး ရာသီကုန်အထိ အနားယူရဖွယ်ရှိနေ

အာဆင်နယ်အသင်း ခံစစ်ကစားသမား တင်ဘား ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်ပြီး ယခုဘောလုံး ရာသီကုန်အထိ အနားယူရဖွယ်ရှိနေ

အာဆင်နယ်အသင်း ခံစစ်ကစားသမား တင်ဘား၏ ဒဏ်ရာကို အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက်   ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာဖြစ်သည့်အတွက် ခွဲစိတ်ကုသမှု ခံယူရမည်ဟု  အာဆင်နယ်အသင်းက  အတည်ပြုကြေညာပြီး  ယခုဘောလုံးရာသီကုန်အထိ  အနားယူရဖွယ်ရှိကြောင်း သိရသည်။

လက်ရှိ ကစားသမား အပြောင်းအရွှေ့ကာလတွင် အေဂျက်အသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သည့် တင်ဘားသည် ပြီးခဲ့သည့် ပရီးမီးယား လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)ဖြစ်သည့် အာဆင်နယ်အသင်းက နော်တင်ဟမ်အသင်းကို ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိသည့် ပွဲစဉ်၌  ပွဲချိန် မိနစ် ၅၀ တွင် ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

တင်ဘား၏ ဒဏ်ရာနှင့် ပတ်သက်ပြီး ပထမအကြိမ် စစ်ဆေးရာတွင် ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ဟုတ်၊မဟုတ်  မသိရှိရဘဲ ဒုတိယအကြိမ် အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ   ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ဖြစ်ကြောင်း အတည်ပြုနိုင်ပြီး ခွဲစိတ်ကုသမှု ခံယူရမည်ဟု အာဆင်နယ်အသင်းက ကြေညာခဲ့ခြင်းဖြစ်သည်။

တင်ဘားအနေဖြင့် ဒဏ်ရာခွဲစိတ် ကုသမှုပြုလုပ်ပြီးလျှင်လည်း  ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရန်  ကာလရှည် အနားယူရမည်ဖြစ်သည့် အတွက် ယခုဘောလုံးရာသီကုန်အထိ  အနားယူရမည့် အခြေအနေများကြောင့် အာဆင်နယ် အသင်းက နောက်ထပ်ခံစစ် ကစားသမား တစ်ဦး ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။