အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၁၈

          အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံသင်တန်းကျောင်းဝန်း အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင် များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

          ဦးစွာ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားသည်။ ထို့နောက်  တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ သိုင်းသရုပ်ပြ ယှဉ်ပြိုင်ကစားနေမှု များကို ကြည့်ရှုအားပေးကြသည်။

          အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ် အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၇ သင်း၊ ပြိုင်ပွဲဝင်အားကစားသမား ၇၀ ဦးတို့ဖြင့် ဩဂုတ် ၂၆ ရက်ထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။