သိန်းနီမြို့၊ မုံရွာမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊၂၀၂၃ ဩဂုတ် - ၁၉
ရှမ်းပြည်(မြောက်ပိုင်း)၊ သိန်းနီမြို့ရှိ ပိန်းအွယ်ဓမ္မရိပ်သာကျောင်းတိုက်၌ သီတင်းသုံး လျက်ရှိသော သံဃာတော် ၃၅ ပါး၊ သာသနာနွယ်ဝင် သီလရှင်တစ်ပါးနှင့် အနီး ပတ်ဝန်းကျင်မှ ဒေသခံပြည်သူ ၁၅ ဦးတို့ကို ဩဂုတ် ၁၈ ရက်နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က အဆိုပါကျောင်းတိုက်၌ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။
အလားတူ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့များက ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ခဝဲကျင်းကျေးရွာရှိ အခြေခံပညာ မူလတန်း ကျောင်း၌ ဒေသခံပြည်သူ ၆၈ဦးနှင့် ဟုမ္မလင်းမြို့နယ်၊ ဟိုပတ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ သံဃာတော်တစ်ပါး၊ သာသနာနွယ်ဝင် သီလရှင် ၅ ပါးနှင့် ဒေသခံပြည်သူ ၂၈၈ ဦးတို့ကို သွေးတိုးရောဂါ၊ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် တောင်ရပ်ကွက်ရှိ မဟာဝိဇယရံသီစလေ ကျောင်းတိုက်မှ သံဃာတော် ၁၀၀ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၄၅ ပါးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၀၅ ဦးတို့ကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်၌ သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက် တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ခြင်း၊ သွေးဖောက်၍ ဆီးချို/သွေးချို စစ်ဆေးခြင်းနှင့် သွေးအုပ်စုများ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရန် လိုအပ် သည့် သံဃာတော် ၄၂ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၆၉ ပါးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၂၀ ဦးတို့ကို ဆေးကုသရေးအဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများက ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ် များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။