ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိိုင်းအစည်းအဝေးကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်
နေပြည်တော်၊ ဩဂုတ် - ၁၉
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက် သည့် လုပ်ငန်းညှိနှိိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ် တော် အတွင်းရှိ မာရဝိဇယဂေါပကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌ၏အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နေပြည်တော်သည် မြန်မာ နိုင်ငံ၏မြို့တော်ဖြစ်ပြီး အုပ်ချုပ်ရေး၏ဗဟိုချက်ဖြစ်သဖြင့် နေပြည်တော် တိုးတက် အောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကို နိုင်ငံ၏မြို့တော်ပီသအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် ယခင်နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဘုရားကြီးတည်ထားကိုးကွယ်ရန်အတွက် ၎င်းထံလှူဒါန်း ထားသည့် စကျင်ကျောက်တော်ကြီးကို တပ်မတော်မှဦးဆောင်၍ ဘုရားတည်ထားရန် အတွက် လွှဲအပ်ခဲ့ကြောင်း၊ ဘုရားကြီးတည်ထားကိုးကွယ်ရာတွင် ခမ်းခမ်းနားနားနှင့် အကောင်းဆုံးဖြစ်စေရန် ကြိုတင်မျှော်တွေးပြီး စဉ်းစားဆောင်ရွက်ခဲ့ကြောင်း၊ ဘုရားတည်ထားရန် မြေနေရာရွေးချယ်ဆောင်ရွက်မှုများကိုလည်း တစ်ပါတည်း လှူဒါန်းသည့် မြေပေါ်တွင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ယခင်မူလ အလှူရှင်မှလှူဒါန်းထားသည့် ကျောက်တုံးတော်ကြီးကို ဆင်းတုတော်ထုဆစ်နိုင်ရေး အကောင်းဆုံးကျောက်သားရရှိမှုကို တွက်ချက်ခဲ့ပြီး ဉာဏ်တော် ၆၃ ပေရှိသည့် ဆင်းတုတော်ကြီး ထုဆစ်နိုင်ရန်လိုအပ်သည့် ကျောက်တုံးတော်ရရှိရေး ဆောင်ရွက်ခဲ့ ကြောင်း၊ အလားတူ ဂန္ဓာကုဋိတိုက်များနှင့် သုဓမ္မာဇရပ်များကိုလည်း ထည့်သွင်း တည်ဆောက်ခဲ့ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် ကျောက် လုံးတော်ကြီးအား ရတနာပုံခေတ်ဟန် ဘူမိဖဿမုဒြာ ဆင်းတုတော်ကြီးအဖြစ်တည် ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒ မိန့်ကြားချက်များအရ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါသိရှိနိုင် ရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိ အက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထားဆောင်ရွက် ခဲ့ကြောင်း။
မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ချိန်တွင် အခက်အခဲအချို့ ကြုံတွေ့ခဲ့ရသော်လည်း လုပ်ငန်းများအဆင်ပြေချောမွေ့စွာဖြင့် အောင်မြင်ပြီးစီးခဲ့ကြောင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်သည့်နေ့တွင် ရုပ်ပွားတော် တည်ဆောက်ရေးအတွက် ရရှိသည့်လှူဒါန်းငွေအစုစုကို စာရင်းပိတ်၍ ရေစက်ချလှူ ဒါန်းပြီးဖြစ်ကြောင်း၊ မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာ ပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ် ကြောင်း၊ ဆင်းတုတော်ကြီး ကြည်ညိုသပ္ပါယ်ဖွယ် ဖြစ်စေရေးအတွက် တည်ဆောက် ရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် အနုပညာလက်ရာများကိုလည်း အမြင့်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပါအဝင် သာသနိကအဆောက်အဦများ၊ ရင်ပြင်တော်များနှင့် ဘုရားပရိဝုဏ်တော် ကြီးတစ်ခုလုံးအား စကျင်ကျောက်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကဲ့သို့ ကြီးကျယ်ခမ်းနား ဗိသုကာလက်ရာမြောက်စွာ တည်ဆောက်ခဲ့မှုသည် အခြား မည်သည့်နေရာတွင်မျှမရှိနိုင်ကြောင်း၊ စကျင်ကျောက်တော်ကြီး ပေါ်ထွန်းလာနိုင်မှု၊ စနစ်တကျကြီးကြပ်ကွပ်ကဲနိုင်မှုနှင့် ကာလဒေသတို့အရလည်း ၎င်းကဲ့သို့ ထပ်မံ တည်ဆောက်ရန်မဖြစ်နိုင်ကြောင်း၊ စကျင်ကျောက်ဆိုသည်မှာ မြန်မာ့ထုံးတမ်း စဉ်လာအရ ရတနာတန်းဝင် အဖိုးတန်ကျောက်ဖြစ်ပြီး လာရောက်ဖူးမြော်သူများ အနေဖြင့် ငြိမ်းချမ်းမှု၊ အေးမြမှု၊ ဂုဏ်ကျက်သရေရှိမှုစသော ဂုဏ်သတ္တိများကို ရရှိနိုင် ကြောင်း၊ ထို့ကြောင့် ပျက်ဆီးမှုများမရှိစေရေး စနစ်တကျဖြင့် အသေးအဖွဲ့မှအစ အလေးထားထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စကျင်ကျောက်များဖြင့် ထုဆစ်ထားခြင်းဖြစ်သဖြင့် အမြဲသန့်ရှင်း မှုများရှိစေရေး ထိန်းသိမ်းဆောင်ရွက်နေရန် လိုကြောင်း၊ ထိန်းသိမ်းမှုများ ဆောင်ရွက်ရာတွင် လိုအပ်နိုင်မည့်ပစ္စည်းများကိုလည်း အရန်ထားရှိ၍ လိုအပ်သည့် အချိန်တွင် အချိန်နှင့် တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်နိုင် ရန်လိုကြောင်း။
ထိန်းသိမ်းမှုများဆောင်ရွက်ရာတွင် လိုအပ်ချက်များကို ကြိုတင်တွက်ချက် စဉ်း စားထားရန်လိုကြောင်း၊ လုံခြုံရေး၊ ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးများ အသုံးပြုခြင်းများအတွက် ဝန်ထမ်းများခန့်ထားရန်လိုကြောင်း၊ ယင်းတို့ အတွက် ကုန်ကျစရိတ်များ စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ ဆက်လက်လုပ်ဆောင် ရန်လုပ်ငန်းများလည်း ကျန်ရှိသကဲ့သို့ လိုအပ်သည့် ယာဉ်ယန္တရားအပိုပစ္စည်းများ ဖြည့်တင်းရန်လည်းလိုအပ်ကြောင်း၊ အချို့နိုင်ငံများရှိဘုရားများ၌လည်း ဝင်ကြေးများ ပေးဆောင်၍ ဝင်ကြရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သာမန်ပြည်သူများဖူးမြော် နိုင်သည့် သတ်မှတ်နှုန်းထားများကိုသာ သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း၊ ဘုရား ကြီး ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဂေါပကအဖွဲ့များ ဖွဲ့စည်း တာဝန်ပေးအပ် ဆောင်ရွက်ရန်လိုကြောင်း၊ ဂေါပကအဖွဲ့ ဖွဲ့စည်းရာတွင်လည်း သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ခန့်အပ်နိုင်ရေးအတွက် စဉ်းစားဆောင် ရွက်ကြရန်လိုကြောင်း။
ဘုရားကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် အမြဲစိမ်းလန်းစိုပြေနေစေ ရေးအတွက် ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်နေရန် လိုကြောင်း၊ စိုက်ပျိုးထားသည့် မဟာဗောဓိညောင်ပင်အပါအဝင် အခြားသစ်ပင်များ အမြဲရှင်သန်ဖြစ်ထွန်းနေစေရေး ဆောင်ရွက်နေရန်လိုကြောင်း၊ သာသနိကအဆောက် အဦများ ထိန်းသိမ်းပြင်ဆင်ဆောင်ရွက်ခြင်းများကိုလည်း စနစ်တကျဖြင့်ဆောင်ရွက် နိုင်ရန်လိုကြောင်း၊ လုပ်ငန်းများ အားလုံးကို စနစ်တကျဖြင့်စဉ်းစားစီမံခန့်ခွဲဆောင် ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပေးရန်လည်းလိုကြောင်း၊ ထို့ကြောင့် ကမ္ဘာ့အထင်ကရဖြစ်သည့် မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်မြတ် ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးတင်ပြစေလိုကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နေရောင်လရောင်ပမာ ထွန်းလင်းတောက်ပ၊ တန်ခိုးတော်ကြီးမားကမ္ဘာတည်သရွေ့ နှစ်ပေါင်းရှည်ကြာစွာ တည်တံ့နေစေရန်နှင့် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ပြန့်ပွားစည်ပင် တိုင်းပြည်အေး ချမ်းသာယာ တိုးတက်စည်ကားစေရန် ရည်ရွယ်လျက် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြုပြင်မွန်းမံခြင်း၊ စီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ငန်းများအား စနစ်တကျဆောင်ရွက်နိုင်ရန် ဖွဲ့စည်းစီမံဆောင်ရွက်ခြင်းဆိုင်ရာများ၊ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ၊ ဝန်ထမ်း၊ ကျောင်းသား၊ ကျောင်းသူများ နေ့အလိုက်လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိမှုနှင့် စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် အလှူငွေများ လှူဒါန်းလျက်ရှိမှု၊ E-Ticket ဝင်ခွင့် လက်မှတ်ဖြင့် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ ငွေကြေးကောက်ခံရန် စီစဉ် ဆောင်ရွက်ထားရှိမှု၊ ရဟန်း၊ သံဃာ၊ သီလရှင်များ၊ ကျောင်းအစီအစဉ်ဖြင့်လာ ရောက်သည့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ ဖူးမြော်ခွင့်နှင့် ဝန်ထမ်းများအား ဝန်ထမ်းကဒ်ဖြင့် ၅၀ ရာခိုင်နှုန်းလျှော့ချကောက်ခံရန်ဆောင်ရွက်ထားရှိမှု၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှင့်တကွကျောက်စာရုံ ဘုရားစေတီများအပါအဝင် တန်ဖိုး မဖြတ်နိုင်လောက်သည့် သာသနိက အဆောက်အဦများ နေရောင်လရောင်ပမာ ထွန်းလင်းတောက်ပ ကမ္ဘာတည်သရွေ့ နှစ်ပေါင်းရှည်ကြာစွာ တည်တံ့စေရေး၊ တိုး တက်စည်ပင်အောင်ဆောင်ရွက်နိုင်ရေးနှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓသန္တက ပစ္စည်းများကို ထိန်းသိမ်းဆောင်ရွက်ခြင်း၊ အကျိုးရှိစွာအသုံးပြုခြင်း၊ စီမံခန့်ခွဲခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဦးဆောင်မှုပေးခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်နိုင်ရန်အတွက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဩဝါဒါစရိယ ဆရာတော်ကြီးများအဖွဲ့၊ နာယကအဖွဲ့၊ ထိန်းသိမ်းစောင့်ရှောက်ရေး ဦးစီးကော်မတီ၊ ဂေါပကအဖွဲ့၊ ဂေါပကအကြံပေးအဖွဲ့၊ အထောက်အကူပြုအဖွဲ့များ ဖွဲ့ စည်းခြင်းနှင့် လုံခြုံရေးဆိုင်ရာများနှင့် ဘုရားကြီး ဝေယျာဝစ္စနှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာ လင်းက ဂေါပကအဖွဲ့များဖွဲ့စည်းခြင်း၊ ကဏ္ဍများအလိုက် လိုအပ်သည့်ဌာနများ ဖွဲ့စည်း ရန်လျာထားမှု များကိုလည်းကြောင်း၊ ဗိုလ်မှူးချုပ်ဇော်နိုင်ဦးက ရေပန်းရင်ပြင်နှင့် ကျောက်စာရုံများအား Drone ဖြင့် 360 ဒီဂရီဗီဒီယိုမှတ်တမ်းရိုက်ကူးထားရှိမှု၊ ရဟန္တာ ကျောင်းဆောင်တော် ၂ ဆောင် ဆောက်လုပ်ရန် လျာထားဆောင်ရွက်နေမှု၊ ဂန္ဓကုဋိ တိုက်အပြင်ဘက်တွင် အင်္ဂတေစိန်တောင် တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက် နေမှု၊ အာရုံခံတန်ဆောင်း ၂ ဆောင်တည်ဆောက်နေမှု၊ လက်ဆေးဘေစင်များတပ်ဆင် ပြီးစီးမှု၊ မော်ကွန်းတိုက်အတွင်း ပစ္စည်းများထည့်သွင်းပြသထားရှိမှု၊ ဆွမ်းစားဆောင် တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ရေပန်းရင်ပြင်စကျင်ကျောက်ပြား ခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ မုခ်ဦးများ၌ လက်မှတ်အရောင်းဌာနများ တည်ဆောက်ရန်လျားထားမှု၊ ရေပန်းဝိုင်းအလှူရှင်ကမ္ပည်းများတပ်ဆင်ရန်လျာထားမှု၊ ပန်းအလှပင်နှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးထားရှိမှုနှင့် ဆက်လက်စိုက်ပျိုးနေ သည့် အခြေအနေများ၊ ဘုရားဖူးလာပြည်သူများအဆင်ပြေစေရေးအတွက် သန့်ရှင်း ရေးနှင့် စောင့်ကြည့်ဝန်ထမ်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိမှု၊ ဘုရားကြီးသန့်ရှင်း သာယာလှပရေးအတွက် စနစ်တကျဖြင့်ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်း ကောင်း ရှင်းလင်းတင်ပြသည်။
၎င်းနောက် ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်က အမြန်လမ်းမှ ဘုရားကြီးသို့ အဝင်လမ်း ဆောင်ရွက်ထားရှိမှုနှင့် လုံခြုံရေးဂိတ်၊ စစ်ဆေးရေးဂိတ်များ တည်ဆောက် ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က မြတ်မင်္ဂလာလမ်း အဆင့်မြှင်တင်နိုင်ရေးဆောင်ရွက်မည့် အခြေအနေများကိုလည်း ကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက နည်းပညာမှတ်တမ်းစာအုပ်နှင့် ဒီဇိုင်းပိုင်းဆိုင်ရာမှတ်တမ်းစာအုပ်များ ပြုစုဆောင်ရွက် ထားရှိမှု၊ ဘုရားကြီးရေရှည်တည်တံ့ခိုင်မြဲစေရေး ဆောင်ရွက်သွားရမည့် အချက်များနှင့် နည်လမ်းများ ပြုစုဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက မာရဝိဇယဘုရားကြီး ဩဝါဒါစရိယ ဆရာတော်ကြီးများအဖွဲ့ဖွဲ့စည်းခြင်းကိုလည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေ အနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘုရားကြီးအတွင်းသို့ စည်းကမ်းမဲ့ဝင်ရောက် မှုများမရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများ သွားလာမှုအဆင်ပြေစေရေး အတွက်လည်း စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်မီးသုံးစွဲမှုသက်သာစေရေး အတွက်လည်း စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်မီးသုံးစွဲမှုကို လျှော့ချပေး နိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးများကိုလည်း တပ်ဆင်ပေးထား ကြောင်း၊ သောက်သုံးရေများလည်း စဉ်ဆက်မပြတ်ရရှိအောင် စဉ်းစားဆောင်ရွက်ရန် လိုကြောင်း၊ ဘုရားကြီးပတ်ဝန်းကျင်စိမ်းလန်းသာယာစိုပြေစေရေးအတွက် စိုက်ပျိုး ထားသည့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင်ဆောင်ရွက်ရန်နှင့် မြက်ဖြတ်ခြင်းများ ကိုလည်း စနစ်တကျဖြင့်ဆောင်ရွက်နေရန်လိုကြောင်း၊ ဘုရားဖူးကားများစနစ်တကျ ရှိစေရေးအတွက်လည်း ဆောင်ရွက်ရန်လိုကြောင်း၊ ရဟန်းသံဃာများ၊ သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ ကို အခမဲ့ဖူးမြော်ခွင့်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းများ ကိုလည်း ၅၀ ရာခိုင်နှုန်း လျှော့ချကောက်ခံပေးသွားမည်ဖြစ်ကြောင်း၊ ဘုရားကြီး တည် တံ့ခိုင်မြဲရေးနှင့်သန့်ရှင်းသာယာလှပရေးအတွက် လိုအပ်သည့်လုပ်ငန်းများဆောင်ရွက် နိုင်ရန် လိုအပ်သည့်ငွေကြေးများရရှိရေး စက်တင်ဘာ ၃ ရက်နောက်ပိုင်းတွင် ဝင်ကြေးငွေ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ရရှိသည့် အခြေအနေအပေါ်မူတည်ပြီး သုံးသပ်ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း ပြောကြားပြီး အခြားလိုအပ်သည်များ ကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် အစည်းအဝေးအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ကြီးတွင် လည်းကောင်း၊ ဂန္ဓာကုဋိတိုက်များတွင်လည်းကောင်း၊ စိုက်ပျိုး ထားသည့် မဟာဗောဓိညောင်ပင် ပရိဝုဏ် အတွင်းတွင်လည်းကောင်း၊ ရေပန်းရင်ပြင် တွင်လည်းကောင်း၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း လည်းကောင်း လှည့်လည် ဖူးမြော်ကြည်ညိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်သည် ဘုရားဖူးလာပြည်သူများကို ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက် ခဲ့သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူ ပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများ ကို ဩဂုတ် ၁ ရက်တွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ဩဂုတ် ၈ ရက် မှစတင်၍ ရဟန်းရှင်လူပြည်သူများဖူးမြော်ကြည်ညိုခွင့်ပေးခဲ့ကာ နေ့စဉ်နိုင်ငံ တစ်ဝန်း မှ ရဟန်းရှင်လူပြည်သူ ဘုရားဖူးလာပြည်သူများဖြင့် စည်းကားသိုက်မြိုက်လျက်ရှိ ကြောင်းသတင်းရရှိသည်။