ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် အဖွင့်ပွဲစဉ် နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်

ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် အဖွင့်ပွဲစဉ် နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်

ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် အယ်မာရီယာအသင်းနှင့် ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူနိုင်ပြီးနောက် ရီးယဲလ်မက်ဒရစ် အသင်းတွင် စီရော်နယ်ဒိုနောက်ပိုင်း အဖွင့်ပွဲစဉ်နှစ်ပွဲ ဆက်ဂိုး သွင်းယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အသက် ၂၀ အရွယ် ဘယ်လင်ဟမ်သည် လက်ရှိ ကစားသမား အပြောင်းအရွှေ့ကာလတွင်    ဒေါ့မွန်အသင်းမှ ယူရို ၁၀၃ သန်းဖြင့် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းတွင် ပြောင်းရွှေ့ကြေးနှင့် ထိုက်တန်သည့် ခြေစွမ်းပြလျက်ရှိသူဖြစ်သည်။

ရီးယဲလ်မက်ဒရစ် အသင်းတွင် အဖွင့်ပွဲစဉ် နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်သည့် ကစားသမားအဖြစ် ၂၀၀၉ ခုနှစ်တွင် စီရော်နယ်ဒိုက အသင်းနှင့်ပွဲဦးထွက် နှစ်ပွဲဖြစ်သည့် ဒီပို့တီဗိုအသင်း၊ အက်စ်ပန်ညို အသင်းတို့နှင့် ကစားသည့်ပွဲစဉ်တွင် နှစ်ပွဲဆက် ဂိုးသွင်းယူပြီးနောက်ပိုင်း ရီးယဲလ်မက်ဒရစ်အသင်းတွင် အဖွင့်ပွဲစဉ်နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်သည့် ကစားသမားတစ်ဦးမျှ မရှိသေးဘဲ ယခုအခါမှ ဘယ်လင်ဟမ်က သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဘယ်လင်ဟမ်သည်  အဖွင့်ပွဲစဉ်အဖြစ်  ကစားခဲ့သည့် ဘီလ်ဘာအိုအသင်းနှင့် ပွဲစဉ်တွင် တစ်ဂိုးသွင်းယူ နိုင်ပြီး အယ်လ်မာရီယာ အသင်းနှင့်ပွဲစဉ်တွင်  နှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ကြောင်း သိရသည်။