မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်(၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်(၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂၃

   မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ပြည်နယ် အားကစားခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

       ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရိုးရာခြင်းလုံးပြိုင်ပွဲ သရုပ်ပြသမှုများကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သရုပ်ပြသသည့် ရိုးရာခြင်းလုံးပြိုင်ပွဲဝင် အားကစားသမားများအား  ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ချီးမြှင့်သည်။

      အဆိုပါ ၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား ရိုးရာ ခြင်းလုံးပြိုင်ပွဲကို ဩဂုတ် ၂၄ ရက်နေ့ထိ ယှဉ်ပြိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။