နေပြည်တော်၊ နိုဝင်ဘာ - ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမြို့၊ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ ၌ နေထိုင်ကြမည့်သူများအား အိမ်ရာနေထိုင်ခွင့် လွှဲပြောင်းပေးအပ်ခြင်းနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယနေနံနက်ပိုင်းတွင် အဆိုပါအဆင့်မြင့်စစ်မှုထမ်း ဟောင်းအိမ်ရာ၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ပေးအပ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အိမ်ရာနေထိုင်ခွင့် လက်မှတ်၊ အခန်းသော့များ၊ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် တိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသည့် ကွပ်ပျစ် ၃၂ ချပ်တို့အား ပေးအပ်ရာ တာဝန်ရှိသူများနှင့် မိသားစုများက လက်ခံရယူကြသည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း လှည့်လည်ကြည့်ရှုပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။