(၁၁) ကြိမ်မြောက် အာရှသက်ငယ်တန်း ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ငွေတံဆိပ်ဆုတစ်ခုနှင့် ကြေးတံဆိပ်ဆု လေးခုဆွတ်ခူး

(၁၁) ကြိမ်မြောက် အာရှသက်ငယ်တန်း ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ငွေတံဆိပ်ဆုတစ်ခုနှင့် ကြေးတံဆိပ်ဆု လေးခုဆွတ်ခူး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ  မကာအို၌ သြဂုတ် ၁၄ ရက်မှ ၂၁ ရက်အထိ ကျင်းပသည့် (၁၁) ကြိမ်မြောက် အာရှသက်ငယ်တန်း ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲ (11th Asian Junior  Wushu  Championships) သို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့်     မြန်မာဝူရှူး အားကစားအဖွဲ့သည်  ငွေတံဆိပ်ဆုတစ်ခု နှင့် ကြေးတံဆိပ်ဆုလေးခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

မြန်မာဝူရှူးအားကစားအဖွဲ့သည် နန်းကွန့်အားကစားနည်းတွင်   တင်ထူးဝေက  ငွေတံဆိပ်ဆုတစ်ခု၊ နန်းသောင်းနှင့် နန်းချွမ် အားကစားနည်းတွင် ကြေးတံဆိပ်ဆုတစ်ခု စီကို လည်းကောင်း၊ ချန်းစုအားကစားနည်းတွင်  မျိုးထွယ်ရန်နှင့်  မေသော်တာတို့က     ကြေးတံဆိပ်ဆု   တစ်ခုစီကို လည်းကောင်း၊ ချန်းစုနှင့်    ကျန့်စုအားကစားနည်းတွင်   ဝေယံမိုးဟိန်းက    အဆင့်(၇) ကို လည်းကောင်း၊    သောင်းစုနှင့် ကွန့်စုအားကစား နည်းတွင်  ဟန်စုနွေးက  အဆင့်(၅)  ကို လည်းကောင်း   အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။

အဆိုပါ အားကစားအဖွဲ့သည် သြဂုတ် ၂၂ ရက်က ရန်ကုန်မြို့သို့ ပြန်လည်ရောက် ရှိကြကြောင်း သိရသည်။