မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်(၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်(၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂၄

          မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ပြည်နယ်အားကစား ခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

          ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နေက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပထမဆုရရှိသော မော်လမြိုင်မြို့နယ်အသင်း၊  ဒုတိယဆု ရရှိသော မုဒုံမြို့နယ်အသင်း၊ တတိယဆုရရှိသော သထုံမြို့နယ်အသင်းနှင့် ဒိုင်အဖွဲ့ဝင် များအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဒိုင်းဆု တို့ကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

          အဆိုပါ ၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ရိုးရာ ခြင်းလုံးပြိုင်ပွဲကို ဩဂုတ် ၂၃ ရက်မှ ယနေ့ထိ ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သတင်း ရရှိသည်။