ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်၏ ၂၀၂၃ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်၏ ၂၀၂၃ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

နေပြည်တော်  သြဂုတ်  ၂၄

    ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်၏ ၂၀၂၃ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့တွင် သန်လျင်တပ်နယ်အတွင်းရှိ ကမ်းခြေစောင့် တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်၌ ကျင်းပရာ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ကိုကိုကျော်၊  အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်၍ ပျိုးပင်များ စိုက်ပျိုးကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် အရိပ်ရလေကာပင်များဖြစ်သော မန်ဂျန်ရှား ၂၀၀ ၊ နှစ်ရှည်သီးပင်စားပင်များဖြစ်သော မန်ကျည်းပင် ၃၀၀ နှင့် စိန်တစ်လုံးသရက်ပင် ၂၆၇ ပင်စုစုပေါင်း ၇၆၇ ပင်တို့ကို  စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။