၂၀၂၃ ခုနှစ်၊ (၆၂) ကြိမ်မြောက် ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း (ပြေး/ခုန်/ ပစ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

၂၀၂၃ ခုနှစ်၊ (၆၂) ကြိမ်မြောက် ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း (ပြေး/ခုန်/ ပစ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂၅

    ၂၀၂၃ ခုနှစ်၊ (၆၂) ကြိမ်မြောက် ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း (ပြေး/ ခုန်/ပစ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ်၊ အားကစားကွင်း၌ ပြုလုပ်ရာ လေကြောင်းအတတ် သင်လေတပ်စခန်း ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ  ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသော အားကစားသမားများနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော အသင်းတို့အား ကာကွယ်ရေးဦးစီး ချုပ်(လေ) ကိုယ်စား လေကြောင်းအတတ်သင်လေတပ် စခန်းဌာနချုပ်၊ လေတပ်စခန်း ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

အဆိုပါ ပြေး/ခုန်/ပစ် ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် ဩဂုတ် ၂၁ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။