အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂၅

    အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့မွန်းလွဲတွင် တိုင်းစစ်ဌာနချုပ် အောင်ဇေယျခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ နှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

    အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၈ သင်းဖြင့် ဩဂုတ် ၂၅ ရက်မှ ၃၀ ရက်အထိ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။