သိန်းနီမြို့နယ်၊ မန်လုံကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

သိန်းနီမြို့နယ်၊ မန်လုံကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂၅

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်၊ မန်လုံကျေးရွာရှိ ဒေသခံပြည်သူများအား  ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ နယ်လှည့်ဆေးကုသရေး အဖွဲ့နှင့် ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အဆိုပါကျေးရွာရှိ မန်လုံခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

    ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ဒေသခံပြည်သူ ၇၁ ဦးအား မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊  အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ECG စက်၊ Ultrasound စက်များဖြင့် ရောဂါရှာဖွေ စမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး သည်။

    ယင်းသို့ ဆောင်ရွက်နေမှုများကို သိန်းနီတပ်နယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။