မော်လမြိုင်မြို့ရှိ ပညာရေးဒီဂရီကောလိပ်၌ တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ(၂/၂၀၂၃) သင်တန်းဆင်းပွဲ ပြုလုပ်
နေပြည်တော်၊ ၂၀၂၃ သြဂုတ် - ၂၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပညာရေး ဒီဂရီကောလိပ်၌ တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ(၂/၂၀၂၃) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါ ပညာရေးဒီဂရီ ကောလိပ် ပညာညီလာခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက သင်တန်းဆင်း နှုတ်ခွန်းဆက် စကား ပြောကြားသည်။ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများ က လက်ခံရယူကြသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက် ရောက်လာကြသူများက ကျောင်းသား၊ ကျောင်းသူများ၏ “မွန်လူငယ်များနေ့” သီချင်းနှင့် "စည်းလုံးခြင်းသည်အင်အား" သီချင်းတို့ဖြင့် ကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေး မြှင့် အထောက်အကူပြုဆွေးနွေးပွဲကို သင်တန်းသား၊ သင်တန်းသူ ၁၆၀ ဦးဖြင့် သြဂုတ် ၁၄ ရက်မှ ယနေ့အထိ ဖွင့်လှစ် သင်ကြားဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။