မောင်တောမြို့နယ်ရှိ နယ်မြေခံရဲတပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ကုန်ပစ္စည်း များ ပေးအပ်

မောင်တောမြို့နယ်ရှိ နယ်မြေခံရဲတပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ကုန်ပစ္စည်း များ ပေးအပ်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂၅

   ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ နယ်မြေခံ တပ်ခန်းမများ၌ သွားရောက်တွေ့ဆုံသည်။

      ထိုသို့ တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကား ပြောကြားပြီး ရဲတပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် စားသောက်ကုန်ပစ္စည်း မျိုးစုံ၊ ဒံပေါက် ထမင်းဗူးများနှင့် ရေသန့်ဆေးပြားများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။