အယ်အီတီဟက်အသင်းက အပြောင်းအရွှေ့ကာလမပြီးဆုံးမီ တိုက်စစ်မှူးဘင်ဇီမာကို ပြန်လည်ရောင်းချပြီး ဆာလက်ချ်ကိုခေါ်ယူရန်ကမ်းလှမ်းထား

အယ်အီတီဟက်အသင်းက အပြောင်းအရွှေ့ကာလမပြီးဆုံးမီ တိုက်စစ်မှူးဘင်ဇီမာကို ပြန်လည်ရောင်းချပြီး ဆာလက်ချ်ကိုခေါ်ယူရန်ကမ်းလှမ်းထား

ဆော်ဒီကလပ် အယ်အီတီဟက်အသင်းက အသင်းနှင့် အဆင်မပြေဖြစ်နေသည့် တိုက်စစ်မှူးဘင်ဇီမာ ကို လက်ရှိကစားသမား အပြောင်းအရွှေ့ကာလမပြီးဆုံးမီ ပြန်လည်ရောင်းချပြီး လီဗာပူးအသင်းမှထွက်ခွာ ရန်ပြင်ဆင်နေသည့် ဆာလက်ချ်ကို ပြောင်းရွှေ့ကြေး ယူရို  သန်း ၁၀၀  ဖြင့်  ခေါ်ယူရန်  ကမ်းလှမ်းထားကြောင်း သိရသည်။

ဘင်ဇီမာသည်   ပြီးခဲ့သည့်ဇူလိုင်လက  ရီးယဲလ်မက်ဒရစ်အသင်းနှင့်  စာချုပ်သက်တမ်းကုန်ဆုံးပြီး နောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အယ်အီတီ်ဟက် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သော်လည်း အသင်း နည်းပြ ဆန်းတို့စ်နှင့် ဆက်ဆံရေးမပြေလည်မှုများကြောင့် အသင်းမှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အယ်အီတီဟက်အသင်းနည်းပြ  ဆန်းတို့စ်က ဘင်ဇီမာသည်  မိမိကစားကွက်နှင့်  မိမိခေါ်ယူလို  သည့်ကစားသမားမဟုတ်ဘဲ အသင်းက ခေါ်ယူထားသည့်အတွက်သာ အသုံးပြုနေရသည်ဟု ပြောကြား ခဲ့ပြီးနောက် နည်းပြဆန်းတို့စ်နှင့် ဘင်ဇီမာတို့ကြား  ဆက်ဆံရေးအဆင်မပြေဖြစ်လာပြီးနောက်  နည်းပြ ဆန်းတို့စ်ကလည်း ဘင်ဇီမာကို ပြန်လည်ရောင်းချရန် အယ်အီတီဟက်အသင်း တာဝန်ရှိသူများထံ တောင်းဆိုထားခြင်းဖြစ်သည်။

လီဗာပူးအသင်းနှင့် ဆာလက်ချ်တို့စာချုပ်သက်တမ်းမှာ  ၂၀၂၅  ခုနှစ်မှသာ ကုန်ဆုံးမည်ဖြစ်သော်လည်း  အယ်အီတီဟက်အသင်းက  လက်ရှိကစားသမားအပြောင်းအရွှေ့ကာလမပြီးဆုံးမီ ခေါ်ယူလိုသည့်အတွက်  ပြောင်းရွှေ့ကြေး  ယူရို  သန်း ၁၀၀ အပြင် တစ်နှစ်လုပ်ခ ယူရို သန်း ၇၀ ဖြင့် သုံးနှစ်စာချုပ်ချုပ်ဆိုရန်  ကမ်းလှမ်း ထားခြင်းဖြစ်ပြီး  လက်ရှိတွင်    လီဗာပူးအသင်းတာဝန်ရှိသူများကလည်း ဆာလက်ချ်ကို ရောင်းချရန် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။                    

Ref;Sky Sports