လူငယ်ကစားသမားဂရင်းဝုဒ် မန်ယူအသင်းနှင့် လမ်းခွဲရန်ဆုံးဖြတ်ပြီးနောက် နိုင်ငံလက်ရွေးစင် အသင်းကိုပါ ပြောင်းလဲပြီး ကနေဒါအသင်းအတွက် ကစားပေးဖွယ်ရှိ

လူငယ်ကစားသမားဂရင်းဝုဒ် မန်ယူအသင်းနှင့် လမ်းခွဲရန်ဆုံးဖြတ်ပြီးနောက် နိုင်ငံလက်ရွေးစင် အသင်းကိုပါ ပြောင်းလဲပြီး ကနေဒါအသင်းအတွက် ကစားပေးဖွယ်ရှိ

မန်ယူအသင်း လူငယ်ကစားသမား ဂရင်းဝုဒ်သည် မန်ယူအသင်းနှင့်လမ်းခွဲရန်     ဆုံးဖြတ်ပြီးနောက်  ယခုအခါ နိုင်ငံလက်ရွေးစင်အသင်းကိုပါ ပြောင်းလဲပြီး ကနေဒါအသင်းအတွက်  ကစားပေးဖွယ်ရှိကြောင်း သိရသည်။

အသက် ၂၁ နှစ်အရွယ်  ဂရင်းဝုဒ်သည်  ၂၀၂၂ ခုနှစ်က ၎င်းင်း၏ချစ်သူကို ကိုယ်ထိလက်ရောက်ကျူးလွန် သည့်စွဲချက်ဖြင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံ ခဲ့ရပြီးနောက်   မန်ယူအသင်းကစားသမားစာရင်းမှ ဖယ်ရှားခံခဲ့ရသူဖြစ်သည်။

 လက်ရှိတွင် ဂရင်းဝုဒ်သည် ပြစ်မှုမရှိသောကြောင့်အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့သော်လည်း မန်ယူ အသင်းက ကစားသမားစာရင်းတွင်ထည့်သွင်းခြင်း မရှိဘဲ  နည်းပြတန်ဟတ်က  ဂရင်းဝုဒ်ကို အသင်းထံ ပြန်လည်ခေါ်ယူလိုသော်လည်း   မန်ယူအမျိုးသမီး အသင်းမှ ကစားသမားများက ဂရင်းဝုဒ်ကိုပြန်လည် ခေါ်ယူခြင်းမပြုလုပ်ရန် ဆန္ဒပြခဲ့သည့်အတွက် လက်ရှိ ကစားသမား အပြောင်းအရွှေ့ကာလတွင်ပင် ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဂရင်းဝုဒ်သည်  ၂၀၂၁ ခုနှစ်က  အင်္ဂလန်အသင်းနှင့်အတူ ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲတွင် တစ်ပွဲပါဝင် ကစားပေးထားသော်လည်း ဖီဖာ၏စည်းမျဉ်းများအရ သုံးပွဲမကစားရသေးသည့်အတွက်    နိုင်ငံအသင်း ပြောင်းလဲနိုင်သောကြောင့် ကနေဒါအသင်းအတွက် ကိုယ်စားပြု    ပါဝင်ကစားပေးဖွယ်ရှိကြောင်း   သိရသည်။                     

Ref;The Athletic