အားကစားနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြော

အားကစားနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြော

    ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာ  ဦးစီးဌာနတို့ ပူးပေါင်း၍  အားကစားနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို သြဂုတ် ၂၅ ရက်က ဒိုင်းပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။

ရှေးဦးစွာ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၂)  ဦးမင်းမျိုးမြင့်နိုင်က ကျောင်းသား၊   ကျောင်းသူများအနေဖြင့် အနာဂတ်တွင် တိုင်းပြည်၏ တာဝန်များကို လက်ဆင့်ကမ်း တာဝန်ယူကြရမည့် လူငယ်များဖြစ်ကြသည့်အတွက်    ဉာဏ်ပညာ မြင့်မားပြီး     ကျန်းမာသန်စွမ်းရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဘားအံခရိုင် အားကစား မှူး   ဦးမင်းသန့်ဇင်က   အားကစား၏အဓိပ္ပာယ်၊ အားကစား အမျိုးအစားလေးမျိုး၊ အားကစား၏     ထူးခြားသည့် ဝိသေသ လက္ခဏာငါးချက်နှင့်    လေ့ကျင့်ခန်း၏  အဓိပ္ပာယ်အကြောင်း တို့ကိုလည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  ဦးစီးအရာရှိ  ဦးစောသော် တာလင်းသန့်က   မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များ၊ လူမှောင်ခို၊ လူကုန် ကူးမှုအန္တရာယ်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး  အကြောင်းအရာများ ကိုလည်းကောင်း ဆွေးနွေးကြသည်။

ထို့နောက်  ကျောင်းသား၊  ကျောင်းသူများအတွက် ဘားအံခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့  အဖွဲ့ဝင်(၂)  ဦးမင်းမျိုးမြင့်နိုင်နှင့်  ဘားအံခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာန     လက်ထောက် ညွှန်ကြားရေးမှူး  ဦးသိန်းထိုက်တို့က    အားကစားဆိုင်ရာ ပစ္စည်းများကို ပံ့ပိုးပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး   ဒေါ်နန်းဝင်းသန်းက  လက်ခံ ရယူသည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်း ပြသထားသော   မူးယစ်ဆေးဝါးများနှင့် လူမှောင်ခို၊    လူကုန်ကူးမှုအန္တရာယ်များ အကြောင်း အသိပညာပေးနံရံကပ် စာစောင်များကို ကျောင်းသား၊  ကျောင်းသူများက စိတ်ပါဝင်စားစွာ     ကြည့်ရှုလေ့လာကြကြောင်း သိရသည်။