ကြံခင်းမြို့နယ်၌ မိုးရာသီ ကျောင်းတွင်း ကျောင်းကောင်စီ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကြံခင်းမြို့နယ်၌ မိုးရာသီ ကျောင်းတွင်း ကျောင်းကောင်စီ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

    ဧရာဝတီတိုင်းဒေသကြီး   မြန်အောင်ခရိုင်   ကြံခင်းမြို့နယ်၌   ၂၀၂၃-၂၀၂၄ ပညာသင်နှစ်   အမှတ်(၂)  အခြေခံပညာ အထက်တန်းကျောင်း၏ မိုးရာသီ ကျောင်း တွင်းကျောင်းကောင်စီ(အမျိုးသား) ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကို  သြဂုတ် ၂၅ ရက်က  ကြံခင်းမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

(အမျိုးသား)ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်သွားသော  အနော်ရထာ အသင်းနှင့် ဗန္ဓုလအသင်းတို့အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊   မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ကွင်းအတွင်း နှုတ်ဆက်ကြပြီး  ဗိုလ်လုပွဲတွင်  အနော်ရထာအသင်းနှင့်  ဗန္ဓုလအသင်းတို့   အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ အနော်ရထာအသင်းက  ၃ ဂိုး - ၂  ဂိုးဖြင့်   အနိုင်ရရှိခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်က ကျောင်းကောင်စီ အမျိုးသားအားကစား နည်းပြ ဦးနောင်နောင် အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီးနောက်   ကျောင်းတွင်း ကျောင်းကောင်စီ (အမျိုးသား) ဘောလုံးပြိုင်ပွဲတွင် ပထမဆု ရရှိသော      အနော်ရထာအသင်းအား ကျောင်းကောင်စီဖလားဆု၊    ဒုတိယဆု ရရှိသော ဗန္ဓုလအသင်းအား ဆုတံဆိပ်၊ ရှေ့တန်း၊  နောက်တန်း၊  အကောင်းဆုံး ဂိုးသမားဆုနှင့် အသန့်ရှင်းဆုံး အားကစားသမား ဆုများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ဘောလုံး အဖွဲ့ချုပ်မှ    တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ကျောင်းသား မိဘများနှင့်    အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြကြောင်း  သိရသည်။