ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၏ ဓမ္မစကြာဒေသနာတော်(အာဂုံဆောင်) ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ
နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂၇
ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၏ ဓမ္မစကြာဒေသနာတော်(အာဂုံဆောင်) ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဓမ္မာရုံ၌ ပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မော်တောင်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ နာရဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော် မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစု များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် ဝတ်ရွတ်အသင်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ပြီး မြိတ်မြို့ မော်တောင် ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး သံဃာတော် များထံမှ မေတ္တသုတ် ပရိတ် တရားတော်များအား နာယူတော်မူကြသည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မြိတ်မြို့ မော်တောင်ကျောင်းတိုက် ဆရာတော်ထံမှ ဓမ္မစကြာ ဒေသနာတော်(အာဂုံဆောင်) ရွတ်ဖတ်ပူဇော်ရခြင်းနှင့် ပတ်သက်၍ ဩဝါဒကထာ နာယူ တော်မူကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ဖွင့်ပွဲအား ရုတ်သိမ်း လိုက်သည်။
အဆိုပါ ဓမ္မစကြာဒေသနာတော်(အာဂုံဆောင်) ရွတ်ဆိုပူဇော်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၅ သင်းဖြင့် ဩဂုတ် ၃၀ ရက်အထိ ယှဉ်ပြိုင်ရွတ်ဆို ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။