သုံးခွမြို့နယ်၊ အဇတ်ဝကျေးရွာအုပ်စုရှိ လေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး

သုံးခွမြို့နယ်၊ အဇတ်ဝကျေးရွာအုပ်စုရှိ လေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂၇

    ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ အဇတ်ဝကျေးရွာအုပ်စု၌ ဩဂုတ် ၂၆ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုများကြောင့်  သာသနိက အဆောက်အဦ ၁  လုံး၊ နေအိမ် ၄ လုံးနှင့် စပါးအခြောက်ခံစက် အဆောက်အဦ ၁ လုံးတို့ အမိုးလန် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

    အဆိုပါ လေပြင်းတိုက်ခတ်ခဲ့သည့်နေရာသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ် ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ သန်လျင်တပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်အမိုးများ ကူညီဖယ်ရှား ရှင်းလင်းပေးခြင်း၊ သစ်ပင် သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ၎င်းတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လေဘေးသင့် ပြည်သူများအား သွပ်သံ၊ သွပ်အချပ်များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။