လားရှိုးမြို့၌ ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၌ ဩဝါဒါစရိယဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

လားရှိုးမြို့၌ ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၌ ဩဝါဒါစရိယဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် ၂၇

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦး စေတီတော်မြတ်ကြီး၌ ဩဝါဒါစရိယ ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းအစရှိ သော လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ဩဝါဒကထာ တရားတော်များ  ချီးမြှင့်ခံယူပွဲကို  ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၏ ပုရဝုဏ်အတွင်း ရှိ သုခမင်္ဂလာဆင်းရွှေလီသာသနာ့ဗိမာန်တော်၌ ပြုုလုပ်ရာ မဟာဗောဓါရုံပရိယတ္တိ စာသင်တိုက်၏ ဦးစီးပဓာနနာယက ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ မဟာဂန္ထဝါစက  ဘဒ္ဒန္တ နာရဒ အမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

  ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာဗောဓါရုံပရိယတ္တိ စာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည် ကြပြီး သံဃာတော်များက မေတ္တသုတ်ပရိတ်တော်များ ရွတ်ပွား သရဇ္ဈာယ်တော်မူကြ သည်။

      ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးများက ဩဝါဒ ကထာ တရားတော်များအား ပြန်လည်ချီးမြှင့်တော်မူကြသည်။

    ယင်းနောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက လားရှိုးမြို့၊ ဇမ္ဗူအေး အေတီတပ်ဦး ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဥတ္တမထံမှ အနုမောဒနာ တရားတော်များအား နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။