ဘူးသီးတောင်တပ်နယ်ရှိ လက်ဝဲဒက်ပညာရေး ရိပ်သာရှိ ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့ ပေးအပ်

ဘူးသီးတောင်တပ်နယ်ရှိ လက်ဝဲဒက်ပညာရေး ရိပ်သာရှိ ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့ ပေးအပ်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂၇

    အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဘူးသီးတောင် တပ်နယ်ရှိ လက်ဝဲဒက်ပညာရေး ရိပ်သာတွင် နေထိုင်ပြီး အခြေခံပညာမူလတန်း၊  အလယ်တန်းနှင့် အထက်တန်းကျောင်း များတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် တပ်မတော်သား မိသားစုဝင် ကျောင်း သား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ကျောင်းသုံး ဗလာစာအုပ်များနှင့် စာရေး ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ပညာရေးရိပ်သာ ခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး  ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပညာရေးရိပ်သာ ဝန်းအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ အိပ်ဆောင်နှင့် စားသောက်နေထိုင်ရေးတို့အတွက် ဆောင်ရွက်ထားရှိ မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။