အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် (အမျိုုးသား/အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပပြုလုပ်

အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် (အမျိုုးသား/အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် ၂၇

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် အခြေခံပညာကျောင်း ပေါင်းစုံ အသက်(၁၈)နှစ်အောက် (အမျိုးသား/အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့တွင် နမ့်စန်မြို့နယ်၊ မြို့နယ်အားကစားကွင်း၌ ပြုလုပ်ရာ   အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြိုင်ပွဲဝင် အားကစားသမား များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အမျိုးသား ဗိုလ်လုပွဲ ပွဲစဉ် ဖြစ်သည့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၅ ရပ်ကွက် (က)အသင်းနှင့် အခြေခံ ပညာအထက်တန်းကျောင်း (နမ့်စန်)(က)အသင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့်  အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၅ ရပ်ကွက်(က)အသင်းနှင့် ကောင်းမြတ်ကိုယ်ပိုင် အထက်ကျောင်းအသင်း တို့၏ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။

  ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အသင်းလိုက်ဆုရရှိသူများ၊ တစ်ဦးချင်း ဆုရရှိသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒိုင်းဆုရရှိသော အသင်းတို့အား တိုင်းမှူးနှင့်တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

    အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် (အမျိုးသား/ အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို အမျိုးသားအသင်း ၁၃ သင်းနှင့် အမျိုးသမီးအသင်း ၉ သင်းတို့ဖြင့် ဩဂုတ် ၁၅ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။