ANS Future1 မြန်မာ့ရိုးရာလက်ဝှေ့မျိုးဆက်သစ်ပြိုင်ပွဲ ရန်ကုန်မြို့၌ကျင်းပ
ရန်ကုန် သြဂုတ် ၂၇
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးကာ ANS Future1 မြန်မာ့ရိုးရာ လက်ဝှေ့မျိုးဆက်သစ် ပြိုင်ပွဲကြီးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန် ၌ “ရုံပိတ်” ပွဲအဖြစ် တွဲဆိုင်းကိုးဆိုင်းကျင်းပ ခဲ့သည်။ အဆိုပါ ငါးချီစိန်ခေါ်ပွဲများ၌ သန့်ဇင်(တော်ဝင်ဧရာ)နှင့် စောဂျွန်(နဂါး မာန်)ပြိုင်ပွဲတွင် အချီပြည့်ထိုးကြသော်လည်း အရှုံးအနိုင် မပေါ်ဘဲ သရေကျခဲ့သည်။ ထို့ပြင် နိုင်အောင်ရှင်(Lethwei Warrior)နှင့် မောင်ဇော် (ဟံသာဝတီသား)၊ ကြယ်ဇင်ထွန်း(Lethwei Warrior)နှင့် ရဲလင်းဦး(Smart Fight) ပြိုင်ပွဲတွင် တစ်ဦး နှင့်တစ်ဦး သူတင် ကိုယ်တင် ငါးချီပြည့် ထိုးကြကာ သရေပွဲဖြစ်ခဲ့သည်။ ထို့နောက် လေးချီပြိုင်ပွဲ၌ ဆလိုင်းထန်ခွီးရှိန် (ကျားမနိုင်) ဒူးတိုက်ချက်ကြောင့် ဒုတိယအချီတွင် အောင်ထွန်းဘို (ဒို့ရိုးရာ) နှစ်ကြိမ်အနားတောင်းခဲ့ ကာ ဆက်လက်မယှဉ်ပြိုင်နိုင်၍ ဆလိုင်းထန် ခွီးရှိန် အနိုင်ရရှိသွားသည်။ ဆက်လက်၍သုံးချီပြိုင်ပွဲ၌ သန်းလင်းအောင်(Ray)နှင့် စောဂျေဒီးဒီး(YFC)၊ ထွန်းလင်းအောင် (ဒို့ရိုးရာ)နှင့် မိုးသောက်ကြယ် (လုံးချောကလပ်)တို့ပြိုင်ပွဲတွင်သရေပွဲဖြစ်ခဲ့ပြီး စောထီး (ကျားမနိုင်)က အောင်အောင်(ဒို့ရိုးရာ)ကို ဒုတိယ အချီတွင်အနိုင်ရရှိပြီး စောကျော်ထူး(YFC)က ရဲလင်းနိုင် (Smart Fight)ကို ဒုတိယအချီမှာပင် အလဲထိုးအနိုင်ရခဲ့ ကာ ရိန်းကြွယ်နော်(Python MMA)က ရဲလင်းဇော် (Smart Fight)ကို လက်သီးထိုး ချက်ဖြင့် ဒုတိယအချီတွင် အလဲထိုးအနိုင် ရရှိသွားသည်။ ပြိုင်ပွဲများအပြီး မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့် CEO တို့က အကောင်းဆုံး လက်ဝှေ့ရေးဆု၊ တွဲဆိုင်းဆုတို့ကို ငွေသားဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝန်းရံခ