ရီးယဲလ်မက်ဒရစ်အသင်းသမိုင်းတစ်လျှောက် စီရော်နယ်ဒိုနောက်ပိုင်း စပိန်လာလီဂါပွဲဦးထွက် သုံးပွဲဆက်ဂိုးသွင်းယူနိုင်သည့် ကစားသမားအဖြစ် ဘယ်လင်ဟမ်မှတ်တမ်းဝင်
မက်ဒရစ်၊ ဘောလုံး
ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် စပိန်လာလီဂါပြိုင်ပွဲ ပွဲစဉ်(၃) အဖြစ် ကစားသည့် ဆယ်လ်တာဗီဂိုအသင်းနှင့်ပွဲစဉ် တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ပြီး နောက် ရီးယဲလ်မက်ဒရစ်အသင်းသမိုင်း တစ်လျှောက် စီရော်နယ်ဒိုနောက်ပိုင်း စပိန်လာလီဂါပွဲဦးထွက် သုံးပွဲ ဆက်ဂိုးသွင်းယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဆယ်လ်တာဗီဂို အသင်းတို့ပွဲစဉ်တွင် ဘယ်လင်ဟမ်က အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ ပွဲချိန် ၈၁ မိနစ်တွင် အသင်း အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေး နိုင်ခဲ့သည်။
အသက် ၁၉ နှစ်သာရှိသေးသည့် ဘယ်လင်ဟမ် သည် လက်ရှိနွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလတွင် ဒေါ့မွန်အသင်းမှ မြင့်မားသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သော ယူရို ၁၀၃ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိတွင် အကောင်းဆုံး ခြေစွမ်းပြကစားနေသူဖြစ်သည်။
ဘယ်လင်ဟမ်သည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် အတူ ပွဲဦးထွက်သုံးပွဲအဖြစ် ဘီလ်ဘာအိုအသင်းနှင့် ပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုး၊ အယ်မာရီယာအသင်းနှင့် ပွဲစဉ်တွင် သွင်းဂိုးနှစ်ဂိုး၊ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ် နိုင်ကာ ဆယ်လ်တာဗီဂိုအသင်းနှင့်ပွဲစဉ် တွင်လည်း တစ်ဂိုးသွင်းယူနိုင်ပြီးနောက် အသင်းနှင့် စပိန် လာလီဂါပွဲဦးထွက် သုံးပွဲဆက်ဂိုးသွင်းယူနိုင်ခြင်း ဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် စပိန်လာလီဂါ ပွဲဦးထွက်လေးပွဲဆက် ဂိုးသွင်းယူ နိုင်သည့် ကစားသမားအဖြစ် ၂၀၀၉ ခုနှစ်က စီရော်နယ်ဒိုက ရပ်တည်နေပြီး ဘယ်လင်ဟမ်အနေဖြင့် လာမည့် ဂီတာဖေးလ်အသင်းနှင့်ပွဲစဉ်တွင် ဂိုးသွင်း ယူနိုင်ပါက စီရော်နယ်ဒို၏စံချိန်ကို လိုက်မီနိုင်မည်ဖြစ် ကြောင်း သိရသည်။
Ref;Opta.com