ပဲခူးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဂီတရသပြိုင်ပွဲ ကျင်းပ

ပဲခူးမြို့ အမှတ် () အခြေခံပညာ အထက်တန်းကျောင်း၌ ဂီတရသပြိုင်ပွဲ ကျင်းပ

    ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းတွင်း ဂီတရသပြိုင်ပွဲကို သြဂုတ် ၂၈ ရက် တွင်  ပဲခူးမြို့  အမှတ် (၁)  အခြေခံပညာ အထက်တန်းကျောင်း  သီရိပညာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက ယနေ့ကျင်းပသည့်  ကျောင်းတွင်း ဂီတရသပြိုင်ပွဲသည် လအလိုက်ဆောင်ရွက်ရမည့် ကျောင်းဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအနက်   တစ်ခု ဖြစ်ပြီး  ကျောင်းသား၊  ကျောင်းသူများ ဘက်စုံပညာမှသည်      အနာဂတ်တွင် ထွန်းတောက်လာမည့် ကြယ်ပွင့်လေးများ ဖြစ်လာစေရန်  လုပ်ဆောင်မှုဖြစ်ကြောင်း၊ ဂီတပြိုင်ပွဲတွင် အနိုင်အရှုံးကို အဓိကမထားဘဲ မဟာဂီတ၊ ကာလပေါ်သီချင်းများကို သံစဉ်၊ စည်းဝါးမှန်ကန်စွာသီဆိုကာ မြန်မာ့ ရိုးရာယဉ်ကျေးမှု ဂီတ အနုပညာ စစ်စစ်ဖွံ့ဖြိုး တိုးတက်လာအောင် ဖော်ထုတ်ထိန်းသိမ်း နိုင်ကြစေရန်နှင့် မြန်မာ့ဂီတနှင့် အနောက် တိုင်းတေးဂီတကို   နှိုင်းယှဉ်လေ့လာနိုင်ကြရန် လိုကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ   KG  တန်းမှ Grade-11 အထိ ကျောင်းသား၊ ကျောင်းသူ များက  ကဗျာ၊  ဂီတရသ သီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ကြကြောင်း သိရသည်။

အဆိုပါကျောင်းတွင်း   ဂီတရသပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မဟာဂီတသီချင်း၊ မြန်မာသံစဉ်နှင့် ကာလ ပေါ်တေးသီချင်းများ၏ ရသကို   နှစ်သက် မြတ်နိုးတန်ဖိုးထားပြီး  ထိန်းသိမ်းစောင့် ရှောက်တတ်စေရန်  ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။