လွိုင်လင်မြို့နယ်တွင် ငွေကျပ်သိန်း ၂,၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

လွိုင်လင်မြို့နယ်တွင် ငွေကျပ်သိန်း ၂,၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၂၉

          မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ဩဂုတ်လ ၂၆ ရက်နေ့ ည ၈ နာရီ ၅ မိနစ်အချိန် လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်းတွင် နောင်မင်းအေးမောင်းနှင်ပြီး တင်မောင်ထွန်းနှင့် မနှင်းနှင်းဝေတို့ လိုက်ပါလာသည့် TOYOTA ALPHARD အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေး ရှာဖွေရာ ယာဉ်၏ကြမ်းခင်း အံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀,၀၀၀ပြား သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ည ၉ နာရီခွဲအချိန်တွင် တပ်ကုန်းမြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကင်းသာကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စိတ်ကြွရူး သွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ သန်းနိုင်နှင့် ဇနီး မမြမြသီတို့အား TOYOTA KLUGER မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီး ရမိခဲ့သဖြင့် တင်မောင်ထွန်း(၅၅)နှစ်၊ နောင်မင်းအေး(၂၆)နှစ်၊ မနှင်းနှင်းဝေ(၃၀)နှစ်၊ သန်းနိုင်(၅၅)နှစ်နှင့် မမြမြသီ(၅၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်။