စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်ကြောင့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ချန်ပီယံလိဂ် ပြိုင်ပွဲကစားခွင့်နှင့်လွဲချော်ဖွယ်ရှိ
မက်ဒရစ်၊ ဘောလုံး
စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်ကြောင့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့အပါ အဝင် စပိန်ကလပ်အသင်းများ ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်နှင့် လွဲချော်ဖွယ်ရှိကြောင်း သိရသည်။
၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားတွင် စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရူဘီယာလက်စ်က စပိန်အမျိုးသမီးအသင်း ကစားသမား ဟာမိုဆိုကို ဆုပေးပွဲစင်မြင့်ထက်၌ မဖွယ် မရာပြုလုပ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး စပိန်နိုင်ငံ အစိုးရက စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်ကို စစ်ဆေးမှုများပြုလုပ်နေသည့်အတွက် စပိန်နိုင်ငံဘောလုံးအဖွဲ့ ချုပ်ကလည်း ဥရောပဘောလုံး အဖွဲ့ချုပ်မှ နုတ်ထွက်ခွင့်ပေးရန် တောင်းဆိုထားသည်။
စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရူဘီယာလက်စ်က ဆုပေးပွဲအခမ်းအနားစင်မြင့်ထက်၌ ဟာမိုဆို ကို မဖွယ်မရာပြုလုပ်ခဲ့သောကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက စပိန်နိုင်ငံအားကစား ကောင်စီက ရူဘီယာ လက်စ်ကို ရာထူးမှ ရပ်ဆိုင်းခဲ့သည့်အပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကလည်း ရူဘီယာလက်စ်ကို ဘောလုံး လောကနှင့် ရက် ၉၀ ပတ်သက်ခြင်း မပြုလုပ်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ စပိန်နိုင်ငံအစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် အစိုးရ၏ ဝင်ရောက်စွက် ဖက်မှုကို မကျေနပ်သည့်အတွက် စပိန်နိုင်ငံဘောလုံး အဖွဲ့ချုပ်ကလည်း ဥရောပဘောလုံးအဖွဲ့ချုပ်မှ နုတ် ထွက်ခွင့်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်၏ တောင်းဆိုမှုကို ဥရောပဘောလုံးအဖွဲ့ချုပ်က ခွင့်ပြုပေးမည်ဆိုပါက ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ အက်သလက်တီကို နှင့် ဆိုစီဒက်စ်အသင်းတို့အနေဖြင့် ချန်ပီယံလိဂ်ပြိုင် ပွဲကစားခွင့်နှင့် လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
Ref;90Min