ပရီးမီးယားလိ၈်ပြိုင်ပွဲ၌ နိုင်ပွဲပေါင်း ၂၀၀ ကို ပွဲအနည်းဆုံးဖြင့် ပြည့်မြောက်သည့်နည်းပြအဖြစ် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာမှတ်တမ်းဝင်
မန်ချက်စတာ၊ ဘောလုံး
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် မန်စီးတီး အသင်းက ရှက်ဖီးလ်ယူနိုက်တက်အသင်းကို ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲစဉ်အပြီးတွင် ပရီးမီးယား လိဂ်ပြိုင်ပွဲ၌ နိုင်ပွဲပေါင်း ၂၀၀ ကို ပွဲအနည်းဆုံးဖြင့် ပြည့်မြောက်သည့် နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အသက် ၅၂ နှစ်အရွယ် နည်းပြဂွါဒီယိုလာသည် ၂၀၁၆ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းမှ မန်စီးတီး အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းကို ဥရောပ ထိပ်တန်းအသင်းတစ်သင်းဖြစ်အောင် တည်ဆောက်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနှင့် ကာရာဘောင်းဖလား စသည့် ဆုဖလားများကို ဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်ပြီး ရှက်ဖီးလ်ယူနိုက်တက် အသင်းနှင့်ပွဲစဉ်အပြီးတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ နိုင်ပွဲပေါင်း ၂၀၀ ကို ၂၆၉ ပွဲဖြင့် ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ နိုင်ပွဲပေါင်း ၂၀၀ ကို ပွဲအနည်းဆုံးဖြင့် ပြည့်မြောက်သည့် နည်းပြစာရင်းတွင် နည်းပြဂွါဒီယိုလာ၏နောက်၌ မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်က ၃၂၂ ပွဲဖြင့်လည်းကောင်း၊ ချယ်လ်ဆီး၊ မန်ယူနှင့် စပါးအသင်းနည်းပြဟောင်း မော်ရင်ဟိုက ၃၂၆ ပွဲဖြင့်လည်းကောင်း၊ အာဆင်နယ် အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးက ၃၃၂ ပွဲဖြင့် လည်းကောင်း၊ လက်ရှိ ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ် မိုယက်စ်က ၅၁၁ ပွဲဖြင့်လည်းကောင်း အသီးသီး ရပ်တည်လျက်ရှိကြောင်း သိရသည်။
Ref;Opta.com