မော်လမြိုင်မြို့၌ ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

မော်လမြိုင်မြို့၌ ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဩဂုတ် ၃၁

 

          ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကို ဩဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ Royal Hinthar Hotal ၌ ပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊  ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ် ဥပဒေချုပ်က ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ဥပဒေရေးရာဝန်ကြီးဌာနနှင့် အဆင့်ဆင့်သော ဥပဒေရုံးများ၏ လှုပ်ရှားဆောင်ရွက်ခဲ့မှု   Video Clip ကို ကြည့်ရှုသည်။

          ယင်းနောက် ပြည်နယ်ဥပဒေချုပ်က ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြ ကြောင်း သတင်းရရှိသည်။