အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဝါတွင်းကာလ သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဝါတွင်းကာလ သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် ၃၁

 

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏    ဝါတွင်းကာလသံဃာ့ဒါန  ဆွမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းကမန္တလေးနန်းမြို့အရှေ့ဘက် နန်းမြို့ရိုးနှင့် ကျုံးရေ ပြင်ကြား ရတနာပုံဥယျာဉ်၌ ပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယက(အဖွဲ့ဝင်)၊ မန္တလေးမြို့၊ စလင်းဝိဘဇ္ဇာဝါဒီပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသာဘိဝံသ အမှူးပြုသောသံဃာတော်များ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် နှင့် တာဝန်ရှိသူများ၊   တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြည်ညိုကြသည်။

          အဆိုပါ ဆွမ်းလောင်းလှူပွဲသို့  နိုင်ငံတော်သံဃမဟာနာယက(အဖွဲ့ဝင်)၊ မန္တလေးမြို့၊ စလင်းဝိဘဇ္ဇာဝါဒီပရိယတ္တိစာသင်တိုက်ဆရာတော် အမှူးပြုသော သံဃာတော် ၃၀၀ ပါးကြွရောက်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြွချီတော်မူကြသည့် သံဃာတော်များအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများ ၊ နဝကမ္မဝတ္ထုငွေများကို သတ်မှတ်နေရာအသီးသီးမှ လောင်းလှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။