ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်
နေပြည်တော်၊ ဩဂုတ် - ၃၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ပတ်သက် သည့် လုပ်ငန်းညှိနှိိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ် တော်အတွင်းရှိ မာရဝိဇယဂေါပကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ လမ်းညွှန်ချက်များနှင့်အညီ ဘုရားဖူးလာပြည်သူများ အေးငြိမ်းချမ်းသာစွာဖြင့် ဘုရား ဖူးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု၊ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်ပမှနိုင်ငံခြားသားဧည့်သည်များ နေ့အလိုက် လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိရာ စတင်ဖွင့်လှစ်သည့်နေမှ ယခုလ ၃၀ ရက်အထိ ဘုရားဖူးလာ သံဃာတော် ၈၂၄၁ ပါး၊ သီလရှင် ၁၉၉၈ ပါး၊ လူပုဂ္ဂိုလ် ၃၂၇၈၇၁ ဦး၊ စုစုပေါင်း ၃၃၈၁၁၀ ဉီး လာရောက်ဖူးမျှော်ကြည်ညိုမှုခဲ့မှု၊ ရဟန်း၊ သံဃာ၊ သီလရှင်များ၊ ကျောင်းအစီအစဉ်ဖြင့်လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖူး မြော်ခွင့်နှင့် ဝန်ထမ်းများအား ဝန်ထမ်းကဒ်ဖြင့် ၅၀ ရာခိုင်နှုန်းလျှော့ချ ကောက်ခံရန် လျာထားဆောင်ရွက်ထားရှိမှု၊ Ticket House တည်ဆောက်ပြီးစီးမှုနှင့် စမ်းသပ်ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်း၊ ပြည်ပဘုရားဖူးများက စေတနာသဒ္ဒါ တရားထက်သန်စွာဖြင့် အလှူငွေများလှူဒါန်းလျက်ရှိမှု၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသို့ ပရဟိတအသင်းများက အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း လျက်ရှိမှု၊ ဘုရားဖူးလာပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး နေပြည်တော် သောက်ရေသန့်များ စီစဉ်ဆောင်ရွက်ပေးထားမှု၊ ဘုရားကြီးပတ်ဝန်းကျင်သန့်ရှင်း သာယာလှပမှုရှိစေရေး ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးသုံးစွဲမှုသက်သာစေရေး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးများ တပ်ဆင်ဆောင်ရွက်ထားရှိမှု၊ ဘုရားဖူးမော် တော်ယဉ်များနှင့် မော်တော်ဆိုင်ကယ်များရပ်နားရန်နေရာများ စီစဉ်ဆောင်ရွက်လျက် ရှိမှု၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နာယကအဖွဲ့၊ ထိန်းသိမ်းစောင့် ရှောက်ရေး ဦးစီးကော်မတီ၊ ဂေါပကအဖွဲ့၊ အထောက်အကူပြုအဖွဲ့များဖွဲ့စည်းရန်လျာထားမှုနှင့် ဘုရားကြီး ဝေယျာဝစ္စနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက် လျက်ရှိမှု၊ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရန် ဆောင်ရွက် သွားမည့်အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း က ဘုရားကြီး၌ ဝန်ထမ်းများတာဝန်ပေးအပ်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ ကိုလည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဂေါပကအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ဗိုလ်ချုပ်ဇော်နိုင်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရဟန္တာကျောင်း ဆောင်တော် ၂ ဆောင် တည်ဆောက်နေမှု၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရေပန်းရင်ပြင်နှင့် ကျောက်စာရုံများအား Drone ဖြင့် 360 ဒီဂရီဗီဒီယိုမှတ်တမ်း ရိုက်ကူးထားရှိမှု၊ ဂန္ဓကုဋိတိုက်အပြင်ဘက်တွင် အင်္ဂတေစိန်တောင် တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု၊ အာရုံခံတန်ဆောင်း ၂ ဆောင်တည်ဆောက်နေမှု၊ လက် ဆေးဘေစင်များတပ်ဆင်ပြီးစီးမှု၊ ဂန္ဓကုဋိတိုက်အဝင်လမ်းဆောက်လုပ်ပြီးစီးမှု အခြေ အနေများကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ကရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်လမ်းနှင့် U-Turn တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြိုတော်ဝန် ဦးမောင်မောင်က ဒက္ခိဏသီရိမြို့ စံပယ်လမ်း(ရာဇသင်္ဂဟလမ်းဆုံ) နေရာ Free Way နှင့် လမ်းမြေတိုးချဲ့ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဒက္ခိဏသီရိမြို့၊ သစ်ခွလမ်းတိုးချဲ့ ဆောင်ရွက်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် မြတ်မင်္ဂလာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်က လုံခြုံရေးဆိုင်ကိစ္စရပ် များကိုလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီး ဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘုရားကြီးတည် ဆောက်မှု မှတ်တမ်းစာအုပ် ပြုစုဆောင်ရွက်ထားရှိမှုတို့ကို လည်းကောင်း ရှင်းလင်း တင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘုရားဖူးလာ ဆရာတော်သံဃာတော်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများကို ဘာဂီယဉ်များနှင့် သယ်ယူပို့ဆောင်ခြင်း များကိုဆောင်ရွက်ပေးရန်လိုကြောင်း၊ ဘုရားကြီး၌ခန့်အပ်မည့် ဝန်ထမ်းများဖွဲ့စည်းခန့် အပ်တာဝန်ပေးမှုများနှင့် ပတ်သက်၍လည်း စနစ်တကျဖြစ်စေရေး စိစစ်ခန့်အပ်ဆောင် ရွက်သွားရန်လိုကြောင်း၊ ဘုရားကြီးပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် သစ်ပင်များကို စနစ်တကျစိုက်ပျိုးသွားရန်လိုကြောင်း၊ ဂန္ဓကုဋိတိုက်များအတွင်း အစားအသောက်များ စားသောက်မှုမရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ အခြားဘုရားကြီး ပရိဝုဏ်တော်အတွင်း သန့်ရှင်းသာယာမှု များရှိစေရေးစနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ ဘုရားကြီးသို့ ဝင်ထွက်သည့်လမ်းများ စနစ်တကျရှိစေရေး နှင့် ကားရပ်ရန်နေရာများ စနစ်တကျရှိစေရေးဆောင်ရွက်ရန်လိုအပ်ကြောင်းမှာကြား သည်။
ဆက်လက်၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဘုရားကြီးသို့ဝင် ရောက်ဖူးမြော်ခြင်းနှင့်ပတ်သက်၍ ပထမသုံးလတာကာလအတွင်း စမ်းသပ်ကာလ အဖြစ် အမြဲတမ်းစည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ခြင်းမပြုဘဲယာယီ စည်းကမ်း သတ်မှတ်ချက်များဖြင့်သာဆောင်ရွက်သွားရန်လိုကြောင်း၊ဘုရားကြီး ဝင်ရောက်ခွင့်နှင့် ပတ်သက်၍ ဘုရားဖူးလာပြည်သူများ အသက်သာဆုံးဖြစ်စေရေးနှင့် ဝင်ရောက်သူအား လုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးရန်နှင့် ဘုရားကြီးဝင်းအတွင်းကင်မရာပါသည့်ဖုန်း၊ အခြားဗီဒီယိုမှတ်တမ်းများရိုက်ကူးခြင်းနှင့် အပျော်တမ်း ကင်မရာရိုက်ကူးခြင်းများ ကိုသာထိုက်သင့်သည့်နှုန်းဖြင့် ကောက်ခံသွားရန်လိုကြောင်း၊ ဘုရားကြီး ဝင်းအတွင်း ကားပါကင်သို့ဝင်ရောက်ရပ်နားမှုနှင့်ပတ်သက်၍ ကိုယ်ပိုင်ယဉ်ငယ်များကို သာဝင် ရောက် ခွင့်ပြုရန်လိုကြောင်း၊ ယာဉ်ရပ်နားခကိုလည်း ထိုက်သင့်သည့် ရပ်နားခနှုန်း ထားများအတိုင်း ကောက်ခံနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့် ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေး စနစ်တကျဖြင့် ဆောင်ရွက်သွား ရန်လိုကြောင်း၊ ယခုဘုရားကြီးသည် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး မြန်မာ့ဂုဏ်ဆောင်သည့် ရုပ်ပွားတော်မြတ်ကြီးဖြစ်သဖြင့် ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် လူအင်အားလိုအပ်ချက်၊ ဘဏ္ဍာရေး ဆိုင်ရာလိုအပ်ချက်များ၊ စီမံခန့်ခွဲမှု လိုအပ်ချက်များကို ရေရှည်အတွက် ယခုသုံးလတာ ကာလတွေ့ကြုံရမှုများ အပေါ်တွက်ချက်၍ စီမံခန့်ခွဲဆောင်ရွက်သွားရန်လိုအပ် ကြောင်း ဖြင့်မှာကြားသည်။
ယင်းနောက် အစည်းအဝေးအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ကြီးတွင် လည်းကောင်း၊ ကျောက်စာရုံတော်များအတွင်းတွင် လည်း ကောင်း လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘုရားဖူးလာပြည်သူများကို ခင်မင်ရင်းနှီးစွာဖြင့် ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူ ပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများ ကို ဩဂုတ် ၁ ရက်တွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ဩဂုတ် ၈ ရက် မှစတင်၍ ရဟန်းရှင်လူပြည်သူများဖူးမြော်ကြည်ညိုခွင့်ပေးခဲ့ကာနေ့စဉ်နိုင်ငံတစ်ဝန်း မှ ရဟန်းသံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဘုရားဖူးလာပြည်သူ များဖြင့် စည်းကားသိုက်မြိုက်လျက်ရှိ ကြောင်းသတင်းရရှိသည်။