အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၁

        အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် ပုသိမ်တပ်နယ် အားကစားရုံ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစားဝါ သနာရှင်များ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးကြ သည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒိုင်းဆုရရှိသော အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။

        အဆိုပါ တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အမျိုးသား အသင်း ၁၀ သင်းနှင့် အမျိုးသမီးအသင်း ၁၀ သင်းတို့ဖြင့် ဩဂုတ် ၂၃ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။