ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့်မြို့နယ်များမှ ထိခိုက်ပျက်စီးမှုများအား ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ - ၁

မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့်မြို့နယ်များမှ ထိခိုက်ပျက်စီးမှုများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ တွင် အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည်ထွက်ခွာကြမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် တာဝန်ရှိသူများက စစ်တွေမြို့၊ ပြည်နယ်လွှတ်တော်ရုံးဝန်းအတွင်း၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ် သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နေ့လယ်စာ သုံးဆောင်နေမှုများကို ကြည့်ရှုပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။