TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအုပ်စုအတွင်းရှိ ဇီးဒဘန်ကျေးရွာ အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူ ၁ ဦး သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာ

TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအုပ်စုအတွင်းရှိ ဇီးဒဘန်ကျေးရွာ အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူ ၁ ဦး သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၁

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စု၊ ဇီးဒဘန်ကျေးရွာအတွင်းသို့ TNLA အဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

            ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာ ကျေးရွာအုပ်စု၏ အနောက်မြောက်ဘက်မီတာ ၁၀၀၀ ခန့်အကွာမှ လက်နက်ကြီး များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လာလမ်းအတိုင်း ပြန်လည် ဆုတ်ခွာသွား ခဲ့ကြောင်း၊ ၎င်းတို့ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာ အုပ်စုအတွင်းရှိ ဇီးဒဘန်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

            အဆိုပါ ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကွတ်ခိုင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာတစ်ဝိုက်နှင့် နမ့်ဖတ်ကာကျေးရွာအုပ်စု အတွင်း လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။