အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ (၅၉)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ်ပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၄
    
အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ (၅၉)နှစ်မြောက်တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှာစကားပြောကြား သည်။ ထို့နောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သင်တန်းများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများနှင့် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသူ အရာရှိ၊ စစ်သည်များ၊ အိမ်ထောင်သည် လိုင်းသန့်ရှင်းရေးဆုရရှိသူများနှင့် တပ်မြို့စည်ပင် သာယာရေးအဖွဲ့တို့အား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ပြီး ဗလာမပါကံစမ်းမဲများဖောက်ပေးခဲ့ကြောင်း သတင်းရရှိသည်။