စစ်တွေမြို့၊ လောကနန္ဒာစေတီတော်မြတ်ကြီး၌ စုပေါင်းလုပ်အားဒါနပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၄
    
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လောကနန္ဒာစေတီတော်မြတ်ကြီးပတ်ဝန်းကျင်သန့်ရှင်း ယာယာလှပရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများ၊ မိသားစုဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်းနှင့် အမှိုက်များရှင်းလင်းပေးခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။