နေပြည်တော်၊ နိုဝင်ဘာ - ၁၄
ပြည်သူများ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အခြေခံ အကျဆုံးဖြစ်သည့် Mask များအသုံးပြုနိုင်ရန် တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Maskများကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် Mask ၁၀၀၀ ခုကို တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ အများ ပြည်သူ ဖြတ်သန်းသွားလာလျက်ရှိသော နေရာများ၌ နယ်မြေခံတပ်မတော်သားများက ဒေသခံပြည်သူ တစ်ဦးချင်း၏ လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းကြသည်။
COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးတွင် အထောက်အကူ ဖြစ်စေရန်အတွက် Maskများကို အခမဲ့ ဆက်လက်ဖြန့်ဝေ လှူဒါန်း သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။