ကလေးမြို့နယ်၊ ဆည်တော်ဦးကျေးရွာနှင့် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံ ရပ်ကွက်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

ကလေးမြို့နယ်၊ ဆည်တော်ဦးကျေးရွာနှင့် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံ ရပ်ကွက်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊၂၀၂၃ စက်တင်ဘာ - ၂

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ဆည်တော်ဦးကျေးရွာရှိ ဒေသခံပြည်သူ များအား ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် နယ်မြေခံ ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

   ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ ပြည်သူ ၂၀၀ ဦးတို့ကို သွေးတိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ၊ မျက်စိရောဂါ၊ အစာအိမ်နှင့်အူလမ်း ကြောင်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

     အလားတူ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အမှတ်(၅)ဆွေသဟာဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်ရှိ သံဃာတော် ၈၀ ပါး၊ ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးနှင့် ဒေသခံပြည်သူ ၈ ဦးတို့ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်း၊ သွေးဖောက်၍ ဆီးချို/သွေးချို စစ်ဆေးခြင်း၊ သွေးအုပ်စုများစစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးခြင်း တို့ကိုဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

    ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ တပ်နယ်တို့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။