စပိန်အသင်းနည်းပြ လူးဝစ်ဒီလာဖွန်တီ ယူရို ၂၀၂၄ ပြိုင်ပွဲခြေစစ်ပွဲအတွက် ကစားသမားစာရင်းထုတ်ပြန်ရာ လူငယ်ကစားသမား ယာမယ်လာပါဝင်

စပိန်အသင်းနည်းပြ လူးဝစ်ဒီလာဖွန်တီ ယူရို ၂၀၂၄ ပြိုင်ပွဲခြေစစ်ပွဲအတွက် ကစားသမားစာရင်းထုတ်ပြန်ရာ လူငယ်ကစားသမား ယာမယ်လာပါဝင်

စပိန်အသင်းနည်းပြ   လူးဝစ်ဒီလာဖွန်တီက ယူရို ၂၀၂၄ ပြိုင်ပွဲကစားမည့် စပိန်အသင်းကစားသမား စာရင်းထုတ်ပြန်ခဲ့ရာ  ဘာစီလိုနာအသင်းလူငယ် ကစားသမား ယာမယ်လာ ပါဝင်လာခဲ့ကြောင်း သိရ သည်။

အသက်  ၁၆  နှစ်အရွယ်  လူငယ်တိုက်စစ်မှူး ယာမယ်လာသည် ပြီးခဲ့သည့်ဘောလုံးရာသီက နည်းပြဇာဗီ၏  ယုံကြည်မှုနှင့်အတူ   ဘာစီလိုနာအသင်းနှင့်  စတင်ပါဝင်လာခဲ့ပြီး ယခုဘောလုံးရာသီတွင်လည်း အသင်းတွင် ဆက်လက်ခေါ်ယူခြင်း ခံရသူဖြစ်သည်။

ယာမယ်လာသည် ပြီးခဲ့သည့်ဘောလုံးရာသီကလည်း  ဘာစီလိုနာအသင်းတွင်  ပွဲစဉ်တချို့ပါဝင် ကစားခွင့်ရရှိပြီး    ယခုဘောလုံးရာသီတွင်လည်း ဘာစီလိုနာအသင်းနှင့်  ဗီလာရီးယဲလ်အသင်းတို့ ကစားသည့် ပွဲစဉ်တွင် ပါဝင်ကစားခွင့်ရရှိကာ  တစ်ကြိမ်ဂိုးဖန်တီးမှုပြုလုပ်နိုင်ပြီး      အသင်းသမိုင်း တစ်လျှောက် အသက်အငယ်ဆုံး ဂိုးဖန်တီးသူအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင်  ယာမယ်လာအနေဖြင့်  ယူရို ၂၀၂၄ ပြိုင်ပွဲ  ခြေစစ်ပွဲတွင်ပါဝင်ကစားခွင့်ရရှိမည်ဆိုပါက စပိန်အသင်း သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

စပိန်အသင်းကစားသမားစာရင်းတွင် ဂိုးသမားနေရာ၌ ဆိုင်မွန်၊ ကီပါ၊ ရိုင်ယာ၊ ခံစစ်ကစားသမားနေရာ၌ ကာဗာဂျယ်၊ အက်ပလီကွီတာ၊ လီနော်မန်၊ ဂါစီယာ၊ ပါအူတောရက်စ်၊ လော်ရန်တီ၊ ဘလိက်၊ဂါယာ၊  ကွင်းလယ် ကစားသမားနေရာ၌   ရိုဒရီ၊ဂါဗီ၊ မိုရီနို၊  မန်ဒီ၊ အဲလက်ဘီနာ၊ ဖာဘင်ရုဇ်၊ တိုက်စစ် ကစားသမားနေရာ၌ မိုရာတာ၊ ဂျိုဆေးလူ၊ အိုလမ်မို၊ ဝီလီယံ၊ အယ်ဘယ်ရုဇ်နှင့် ယာမယ်လာတို့ ပါဝင်ခဲ့ကြောင်း သိရသည်။                 

 Ref;B/R Football