ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှကလပ်အသင်းများကို ဥရောပအဆင့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆယ်ဖာရင်ပြောကြား

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှကလပ်အသင်းများကို ဥရောပအဆင့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆယ်ဖာရင်ပြောကြား

ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ  ဆယ်ဖာရင်က ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှ ကလပ်အသင်းများကို ဥရောပ အဆင့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားသည်။

လက်ရှိတွင်  ဆော်ဒီပရိုလိဂ်ပြိုင်ပွဲသည်  အာရှဘောလုံး အဖွဲ့ချုပ်လက်အောက်ခံပြိုင်ပွဲတစ်ခုဖြစ်သည့် အတွက်  အာရှဘောလုံးအဖွဲ့ချုပ်က  ကြီးမှူးကျင်းပလျက်ရှိသည့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲနှင့် အေအက်ဖ်စီဖလား ပြိုင်ပွဲတို့တွင်သာ ကစားနေရခြင်းဖြစ်သည်။

သို့သော်   ပြီးခဲ့သည့်ရက်ပိုင်းက  ဆော်ဒီပရိုလိဂ် ဘောလုံးအဖွဲ့ချုပ်က    ဥရောပဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပလျက်ရှိသည့်    ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲသို့ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူး နိုင်သည့်အသင်း    ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိရန် ဥရောပဘောလုံးအဖွဲ့ချုပ်ထံ ကမ်းလှမ်းမှုများ ပြုလုပ် ထားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆယ်ဖာရင်က   ဝင်ရာက်ယှဉ် ပြိုင်ခွင့်ပေးမည် မဟုတ်ကြောင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ဆော်ဒီပရိုလိဂ် ထိပ်တန်းအသင်းကြီးများ ဖြစ်သည့် အယ်နာဆာအသင်း၊ အယ်ဟီလယ်အသင်းနှင့် အယ် အီတီဟက် အသင်းတို့သည်   လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင်    ဥရောပထိပ်တန်း ကစားသမားများကို ခေါ်ယူကာ ပုံရိပ်မြှင့်တင်နေပြီး ယခုအခါတွင်လည်း ဥရောပအဆင့်ပြိုင်ပွဲများတွင် ဝင်ခွင့်ရရှိရေးကိုပါ   ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း  သိရသည်။

Ref;ESPN