ဗုံးသီးဟောင်း ၁ လုံးအား ထုခွဲရာမှ ပေါက်ကွဲခဲ့ပြီး ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိ

နေပြည်တော် ၊ နိုဝင်ဘာ - ၁၄

ရခိုင်ပြည်နယ်၊ ကဇူးကိုင်းကျေးရွာအနီး ရန်ကုန်-စစ်တွေသွားကားလမ်း မိုင်တိုင်အမှတ် ၃၂/၄ နှင့် ၃၂/၅ ကြား လမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လမ်းလုပ်သားများမှ မောင်သန်းအောင် ၂၄ နှစ်သည် လမ်းပြင်နေသည့်နေရာနှင့် မီတာ ၅၀ အကွာတွင် ဗုံးသီးဟောင်းတစ်လုံး တွေ့ရှိ၍ ထုခွဲခဲ့ရာ ပေါက်ကွဲခဲ့ပြီး မောင်သန်းအောင်သည် ဗုံးသီးစ ထိမှန်ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှု ကြောင့် အနီးရှိ လမ်းလုပ်သား ဦးမြင့်သိန်းနှင့် သားဖြစ်သူ မောင်ဦးမြင့်စိုးတို့မှာ ဗုံးသီးစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ အမ်းမြို့နယ်ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သော ဆေးဝါးကုသမှုများ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။