စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့်

စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့်

မန်မာနိုင်ငံအတွင်းသို့ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က အလွန့်အလွန် အင်အားပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သည်။ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်မည့် အခြေအနေကို မေ ၄ ရက်တွင် ကနဦးအတည်ပြုခဲ့သည်။ မေ ၆ ရက်တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအရေးပေါ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြီး မုန်တိုင်းနှင့်ပတ်သက်သည့် အချက်အလက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များကို နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်မုန်တိုင်းမဝင်မီ တစ်ရက်ကျော်ကတည်းက ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်ကို ဘေးအန္တရာယ် ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများအဖြစ် ကြိုတင်ကြေညာ စေခဲ့ပါသည်။ ထို့ကြောင့်မုန်တိုင်းတိုက်ခတ်နိုင်သည့် ဒေသအသီးသီးကပြည်သူများကိုလည်း အချိန်မီရွှေ့ပြောင်းပေးနိုင်ခဲ့သည်။

ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု ကောင်းမွန်ခဲ့သည့်အတွက် မုန်တိုင်းကြောင့် သေဆုံးရသည့် အရေအတွက် နည်းပါးခဲ့သည်။

မိုခါမုန်တိုင်းမှာ ယခင်နာဂစ်မုန်တိုင်းထက် ပြင်းထန်သည့် မုန်တိုင်းဖြစ်သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ အချိန်ယူပြီး ကြိုတင်ပြင်ဆင်မှုများနှင့် ပြည်သူလူထုအပေါ် အလေးထား ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် သေပျောက်မှု၊ တခြားဆုံးရှုံးမှု နည်းပါးခြင်းဖြစ်သည်။ မုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်း ခုနစ်မြို့နယ်နှင့် ချင်းပြည်နယ် နှစ်မြို့နယ်တို့မှာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တပ်မတော်အကြီးအကဲများသည် မုန်တိုင်းဒဏ်သင့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဆောင်ရွက်ဖြည့်ဆည်းပေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ရှိသူများနှင့် တပ်မတော်မှ အရာရှိကြီးများကိုလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အနီးကပ် ကြီးကြပ်နိုင်ရန် တာဝန်ပေးအပ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ အခြေခံကျောင်းများ အချိန်မီပြန်လည် ဖွင့်လှစ်နိုင်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ စားနပ်ရိက္ခာပြတ်လပ်မှုမရှိရေး၊ ဆက်သွယ်ရေးစနစ်နှင့် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိစေရေးအပါအဝင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အရှိန်အဟုန်နှင့် ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းစဉ်မှန်သမျှကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ လက်တွဲညီစွာဆောင်ရွက်မှုကြောင့် မုန်တိုင်းတိုက်ခတ်ပြီး မကြာမီတွင် တစ်နိုင်ငံလုံး အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး အခြေခံပညာနှင့် အဆင့်မြင့်ပညာရေး အဆောက်အအုံများ ပြုပြင်ပြီးစီးမှုမှာလည်း ၉၅ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်သည်။ သန့်ရှင်းသောသောက်သုံးရေ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ရေရရှိရေးတို့ကို အချိန်တိုအတွင်း လုံလောက်စွာ ရရှိအောင် ဆောင်ရွက်ပေးခဲ့သည်။

စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း အချိန်မီစိုက်ပျိုးနိုင်အောင်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ မိုဘိုင်း ဆက်သွယ်ရေး စနစ်မှာလည်း ရာနှုန်းပြည့်ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်သည်။ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးအတွက် ဓာတ်အားလိုင်း အားလုံးပြင်ဆင်ပြီးဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိသည့် ပြည်သူလူထုက မုန်တိုင်းဒဏ်သင့်ညီအစ်ကိုမောင်နှမများ၏ အခက်အခဲကို ပါဝင်လှူဒါန်းမှုများစွာ ပြုလုပ်ခဲ့ကြသည်။ ကိုယ်တိုင်လာရောက်လှူဒါန်းခြင်းများ၊ သက်ဆိုင်ရာငွေစာရင်းများသို့ပေးပို့လှူဒါန်းခြင်းများ၊ မိုဘိုင်းစနစ်ဖြင့်ထည့်သွင်းလှူဒါန်းခြင်းများကိုလည်း အားတက်သရော ပါဝင်ခဲ့ကြသည်။ ပြည်တွင်းမှသာမက ပြည်ပကလှူဒါန်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ သီရိလင်္ကာစသည့်နိုင်ငံများနှင့် ဗံဗ ဃနညအမန မှစားသောက်ဖွယ်ရာများ၊ ဆေးဝါးပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ စသည်ဖြင့် ပေးပို့လှူဒါန်းခဲ့ကြသည်။ အဆိုပါနိုင်ငံများနှင့်အဖွဲ့အစည်းများကို အထူးပင်ကျေးဇူး တင်ရှိပါကြောင်းကိုလည်း မေလ ၂၃ ရက်နေ့ကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်က ထုတ်ဖော်ပြောကြားခဲ့သည်။

မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက်လှူဒါန်းမှုများမှာ ၂၀၂၃ ခုနှစ် သြဂုတ် ၂၁ ရက်အထိ မြန်မာကျပ်ငွေ ၃၃ ဘီလီယံကျော်နှင့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ခုနစ်သိန်းငါးသောင်းကျော် လက်ခံရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တင်ပြခဲ့သည့် စာရင်းတွင်မပါဝင်ဘဲ AHA Centre အနေဖြင့် လာရောက်၊ သွားရောက် လှူဒါန်းမှုများလည်း အများအပြားရှိခဲ့သည်။ တိုင်းရင်းသားညီနောင်များ၏ဒုက္ခကို စုပေါင်းညီညွတ်သည့်အား၊ ကူညီဖြည့်ဆည်းပေးလိုသည့် သဒ္ဓါတရားတို့တွင် မိမိတို့မြန်မာများ၏ မြင့်မြတ်သည့်စိတ်ကို ပြသခဲ့ခြင်းဖြစ်သည်။ လှူဒါန်းမှုပြုခဲ့ကြသူများ၊  Volunteer  များ၏စိတ်ကောင်း၊ စေတနာကောင်းဖြင့် ပြုမူလုပ်ကိုင်ဆောင်ရွက်မှုများမှာ ပိုမိုအားကျဖွယ်၊ ချီးကျူးဖွယ်ကောင်းလှပါသည်။ အနှစ်ချုပ်ဆိုရသော် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်အတိုင်း စည်းလုံးညီညွတ်သောစုပေါင်းအားကြောင့် မုန်တိုင်းဒဏ်သင့်ဒေသများမှာ ကောင်းမွန်သော အခြေအနေသို့ရောက်ရှိနေပြီဖြစ်ပါကြောင်း။      ။